Love-Eco (Episode-13)

44 7 1
                                    

ဦးစက်လှ - "အခုချိန်မှ ပြန်လာရအောင် မင်းဘယ်တွေသွားနေတာလဲ"

မိုးသောက် - "ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ တွေ့နေလို့ပါ"

ဦးစက်လှ - "ငါ မင်းကို မှာထားတာ မှတ်မိသေးလား"

မိုးသောက် - "ဘယ်တစ်ခုလဲ ဖေဖေ"

ဦးစက်လှ - "မှတ်မထားဘူးဘဲ... ဘာလဲ... မင်းက ငါ့စကားကို အလေးမထားတာလား။ ဒါမှမဟုတ် မင်းက အလုပ်လုပ်နေပြီဆိုပြီး ငါ့ကို စောက်ဂရု မစိုက်တော့တာလား"

မိုးသောက် - "ဖေဖေ၊ ကျွန်တော် ဆိုလိုတာ အဲ့သဘော မဟုတ်ပါဘူး။ ကျွန်တော်ပြောတာက ဖေဖေ ကျွန်တော့်ကို မှာထားတာတွေက များတယ်လေ။ အဲ့ထဲက ဘယ်တစ်ခုလဲလို့ မေးတာပါဗျ။"

ဦးစက်လှ - "မင်းက မမှတ်မိတော့ ငါ အစ ဖော်ပေးရတာပေါ့။ ငါ မင်းကို မေးမယ်။ မင်း ကုမ္ပဏီမှာ အလုပ်ဝင်နေတာ ဘယ်လောက်ကြာပြီလဲ"

မိုးသောက် - "၆လပါ"

ဦးစက်လှ - "ငါ မင်းကို အလုပ်စလုပ်ခိုင်းတုန်းက ဘာပြောခဲ့လဲ။ မှတ်မိသေးလား။"

မိုးသောက် - "၄လအတွင်း အမြတ်ငွေ ၅၀% အထိ တိုးတက်လာရမယ်လို့ ပြောထားပါတယ်"

ဦးစက်လှ - "အခု ဘယ်လောက်တက်လာလဲ"

မိုးသောက် - "၄၅% ပါ"

ဦးစက်လှ - "အေ... ငါပြောချင်တာ အဲတာပဲ။ မင်းရဲ့ ဘာမဟုတ်တဲ့ ၅% လေးက ကုမ္ပဏီကို နှစ်နာစေနိုင်တယ် ဆိုတာ မင်း မသိဘူးလား"

မိုးသောက် - "ကျွန်တော်လည်း အစွမ်းကုန် လုပ်ခဲ့....."

ဦးစက်လှ - "အစွမ်းကုန်၊ ဟုတ်လား မိုးသောက်။ မင်းလုပ်တဲ့ အစွမ်းကုန်ဆိုတာ ဒါလား"


Moe Thout's POV:

ဖေဖေ သူ့ဖုန်းထဲက ပုံတချို့ကို ကျွန်တော့်ကို ပြလိုက်တယ်။ ညနေက ကျွန်တော် ခွန်းသစ်နဲ့ ညနေစာ သွားစားပြီး လမ်းလျှောက်တုန်းက ပုံတွေပါ။

ဦးစက်လှ - "မင်း အားလပ်ချိန်မှာ မင်းကြိုက်တာလုပ်ပါ။ ငါ ဘာမှ မပြောလိုဘူး။ ဒါပေမယ့် မင်းအချိန်တိုင်း အဲ့တစ်ယောက်နဲ့ သွားတွေ့နေပြီး သူ့အပေါ်ပဲ စိတ်ရောက်နေတာကြောင့် မင်း အလုပ်အပေါ် အာရုံစိုက်မှု လျော့နေတာ။"

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now