Love-Eco (Episode-10)

60 7 0
                                    


11-12-2019. (Wednesday)

At 7am, in Bagan Landmark Hotel;

Khun Thit's POV:

မနက် ၇နာရီလောက်မှာ နိုးစက်သံကြားလို့ ကျွန်တော်နိုးလာခဲ့တယ်။ နိုးနိုးချင်း Alarm ကို ပိတ်လိုက်ပြီး ခဏလေးပြန်မှေးနေမိတယ်။ ပုံမှန်ဆိုရင် ကျွန်တော်နိုးစက်သံကြားပြီးရင် ပြန်ပြီး မှေးတတ်တဲ့အကျင့် မရှိပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်တော့်စိတ်ကိုက တောင်းဆိုနေပုံပါပဲ။ ပြန်မှေးရမယ့် အကြောင်းက ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပြန်ပြီး ဝင်မှေးရမယ့် အိပ်ရာက မြတ်သောရဲ့ ရင်ပြင်ကျယ်ကြီးမို့လို့ပါ။

ကျွန်တော်ကိုယ့်ဘာသာကို တခဏပြန်မေးမိတယ်။ ကျွန်တော် တကယ်ပဲ ယောက်ျားလေး တစ်ယောက်ကို စွဲလမ်းမိနေပြီလားဆိုတာပေါ့။ ပြီးတော့ ကျွန်တော် မြတ်သောကို ချစ်မိနေပြီလား၊ ဒါမှမဟုတ် သူ ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးလို့ စိတ်က သာယာမိတာလားဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော် မသဲကွဲသေးပါဘူး။ ဒါ‌ပေမယ့် သူနဲ့ အခုလို အမြဲနေချင်လားလို့မေးရင် ကျွန်တော် ငြင်းမိမှာ မဟုတ်ပါဘူး။

နိုးစက်ကိုပိတ်ပြီး သူ့ရင်ခွင်ထဲကို ပြန်ဝင်လိုက်တယ်။ ပြီးတော့ အိပ်နေတာတောင် ခန့်ညားနေတဲ့ သူ့ရဲ့မျက်နှာကို ရှုစားရင်း ကျွန်တော့်ရဲ့ တစ်နေ့တာကို အားယူနေလိုက်ပါတယ်။ ဆောင်းရာသီ မနက်ခင်းကြီးမှာ ကျွန်တော်တို့ အင်္ကျီတွေ ဝတ်မထားကြတာတောင် ကျွန်တော် ချမ်းတယ်လို့ မခံစားရပါဘူး။ မြတ်သောကြည့်ရတာလည်း ချမ်းနေတဲ့ပုံ ပေါ်ပါဘူး။ အဲတာကြောင့် တချို့တွေက ပြောတာနေမယ်၊ အနွေးတကာ အနွေးမှာ ကိုယ်ခန္ဓာအနွေးက အထိရောက်ဆုံးပဲ ဆိုတာကို။ အလုပ်ကိစ္စက ၉နာရီလောက်မှဆိုတော့ ကျွန်တော် သူ့ကို မနှိုးတော့ပဲ တောင့်တင်းပြီး နူးညံ့လှတဲ့ သူ့ခန္ဓာကိုယ်ကို ဖက်၊ ပြီးတော့ ကျွန်တော့်မျက်နှာကို သူ့ရင်ခွင်ထဲကို အပ်လိုက်ပြီး တရေးလောက် ပြန်မှေးလိုက်ပါတယ်။


At 8pm, in Bagan Landmark Hotel;

Myat Thaw's POV:

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now