Love-Eco (Episode-6)

74 13 0
                                    

In November, 2019.

Khun Thit's POV:

အခုဆိုရင် တဖြည်းဖြည်းနဲ့ ကုမ္ပဏီလုပ်ငန်းတွေစဖို့ အဆင်သင့် ဖြစ်နေပါပြီ။ နိုဝင်ဘာလ ဆိုတော့ ဆောင်းဘက်ကိုလည်း တရွေ့ရွေ့ ကူးပြောင်းလာခဲ့ပါပြီ။ မေမြို့ဆိုတဲ့အတိုင်း မြောက်လေ ဝင်ပြီဆိုတာနဲ့ ရာသီဥတုအေးလာတာကို တဖြည်းဖြည်းနဲ့ သိသာလာပါပြီ။ တချို့တွေဆိုရင် အနွေးထည်တွေကိုတောင် ထုတ်ဝတ်နေကြပါပြီ။ ဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ ကျွန်တော်တို့ ကုမ္ပဏီက လုပ်ငန်းတွေ စတော့မှာမို့လို့ အားလုံးကလည်း စိတ်လှုပ်ရှားနေကြပါပြီ။

နေ့လည်ခင်း ထမင်းစားနားချိန်မို့လို့ ကျွန်တော်ထမင်းစားပြီး ကော်ဖီသောက်ရင်း တိမ်တွေနဲ့ သာယာနေတဲ့ ကောင်းကင်ကြီးကို ကျွန်တော့်ရုံးခန်းပြတင်းပေါက်ကနေတဆင့် ကြောင်းပြချက် မရှိပဲ ကြည့်နေမိပါတယ်။ ကောင်းကင်ကိုကြည့်နေရရင် ကျွန်တော့်မွန်းကြပ်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို အနည်းနဲ့အများ သက်သာသွားစေပါတယ်။

ဒါပေမယ့် ကျွန်တော် ကောင်းကင်ကြီးကို ကြည့်နေတုန်း ရုတ်တရက် ငြိမ်သက်နေတဲ့ ကျွန်တော့်အတွေးတွေ စတင်ပြီးတော့ လှုပ်ရှားလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် အတွေးထဲကို မြတ်သော ဝင်လာလို့ပါပဲ။ တဖြည်းဖြည်းနဲ့ ကျွန်တော် သတိထားမိလာတာက ကျွန်တော် မြတ်သောမျက်နှာကိုမြင်တိုင်း အခုလို ကောင်းကင်ကြီးကို ကြည့်လိုက်ရသလိုပဲ၊ ကျွန်တော်ပျော်တယ်။ ကျွန်တော့်စိတ်တွေကို တည်ငြိမ်သွားစေတယ်။ အခုလည်း ကောင်းကင်ကို ကြည့်နေရင်း သူ့မျက်နှာကို ပြေးမြင်မိပြန်တယ်။

တခါတလေ သူ ခရီးထွက်လို့ အလုပ်မလာဖြစ်တဲ့ရက်တွေဆိုရင် ကျွန်တော့်အတွက် တခုခု လိုအပ်နေသလို၊ တခုခု လစ်လပ်နေသလို ခံစားလာရတယ်။ ဒါတွေဘာကြောင့်ခံစားမိနေတာလဲ ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော်လဲ မသိတော့ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက ဒီလိုတွေ ခံစားမိနေလို့ ကျွန်တော့်စိတ် အနှောက်အယှက်မဖြစ်ဘူးဆိုတာပါပဲ။ ကောင်းကင်ကြီးကို ကြည့်မိရင် ကြည့်နေတာ မရပ်ချင်တော့သလိုပါပဲ သူ့ကြောင်းစတွေးမိရင် မရပ်ချင်တော့ပဲ ဆက်ဆက်ပြီး တွေးတွေးနေမိပါတယ်။

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now