Love-Eco (Episode-18)

35 5 0
                                    

Linn Thit's POV:

ကျွန်တော် ကိုကိုနဲ့ မာလာရှမ်းကောစားပြီး အပြင်ထွက်လာတော့ ကိုကိုက လူတစ်ယောက်ကိုမြင်ပြီး လိုက်သွားတယ်။ ကျွန်တော့်ကို ကားသော့ပေးခဲ့ပြီး ကားထဲကနေ စောင့်နေဖို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်က ကိုကို့ကို စိတ်ပူတာနဲ့ ကားထဲမှာ ပစ္စည်းတွေထားခဲ့ပြီး ကိုကို့နောက်ကို လိုက်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော် တွေ့လိုက်ရတာက...........

ကျွန်တော် တွေ့လိုက်ရတာက ကိုကိုက လူတစ်ယောက်ကို ထိုးနေတာပါ။ ကျွန်တော်လည်း မြင်တာနဲ့ ပြေးသွားပြီး ကိုကို့ကို သွားထိန်းလိုက်ပါတယ်။

"ကိုကို... ဘာဖြစ်တာလဲ။"

"ကိုကို... လက်လွန်မယ်နော်။"

"ကိုကို... လူတွေဝိုင်းကြည့်နေပြီ။"

ကျွန်တော် တော်တော်လေး သတိပေးလိုက်တော့မှ ကိုကို အသိဝင်လာပြီး ထိုးနေတာကို ရပ်လိုက်တယ်။ တော်ကြာ ဒီထက်ပိုလာရင် ရုံးရောက်ဘာရောက်တွေ ဖြစ်ကုန်မှာစိုးလို့ ကိုကို့ကို အမြန် ဆွဲခေါ်လာခဲ့ရတယ်။ ဒါပေမယ့် ကိုကိုက အဲ့လူကိုပါ ခေါ်သွားမယ်ဆိုလို့ ကိုကို့အိမ်က အလုပ်သမားတချို့ကို လှမ်းခေါ်လိုက်ရတယ်။ အဲတာနဲ့ပဲ အဲ့လူကိုပါ ကိုကို့တိုက်ခန်းဆီကို ခေါ်ခဲ့လိုက်ရတယ်။


Myat Thaw's POV:

ကိုတိမ်မိုး ဖုန်းဆက်ခေါ်လို့ ကျွန်တော် သူ့တိုက်ခန်းကို အမြန် သွားလိုက်တယ်။ ဒါပေမယ့် ကျွန်တော် ရောက်တော့ တွေ့လိုက်တာက မျက်နှာမှာ ဒါဏ်ရာတွေနဲ့ ထိုင်နေတဲ့ လူတစ်ယောက်ရယ်၊ ကိုတိမ်မိုးရယ်၊ သူ့ကလေး လင်းသစ်ရယ်။

မြတ်သော - "အစ်ကို ဒီလူလား။"

တိမ်မိုးသား - "ဟုတ်တယ်... ဒီလူပဲ။ ဒီမျက်နှာကို ဒီတစ်သက် ဘယ်လိုမှ မမေ့ဘူး။"

လင်းသစ် - "ကိုကို... ဘာဖြစ်တာလဲ။ ကလေးကိုပြောပြဦးလေ။"

တိမ်မိုးသား - "ဒီလိူက ဝေဖြိုးအောင်ကို တိုက်ခဲ့တဲ့ ကားကို မောင်းခဲ့တဲ့ Driver ပဲ။"

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now