Love-Eco (Episode-20) ဇာတ်သိမ်းပိုင်း

89 6 3
                                    

4-1-2021. (Monday)

At May-Myoh's Gift company;

Khun Thit's POV:

ဒီနေ့က ကျွန်တော်နဲ့ မြတ်သော ချစ်သူသက်တမ်း ၁နှစ်ပြည့်တဲ့ နေ့ပါ။ အစကတော့ ဒီနေ့ကို အလုပ်ကို ခွင့်ယူပြီး သူနဲ့အတူ တနေကုန် အချိန်ဖြန်းမယ်လို့ စဉ်းစားထားတာပါ။ ဒါပေမယ့် ကိုယ်တော်ချောက မေ့နေလေရဲ့။ မေ့နေတာလား၊ မေ့ချင်ယောင် ဆောင်နေတာလား မသိပေမယ့် သေချာတာတခုက ဒီနေ့တနေကုန် ကျွန်တော် စိတ်ကြည်တော့မှာ မဟုတ်ဘူးဆိုတာပါပဲ။ စိတ်မကြည့်ပဲ အိပ်ခဲ့ရလို့ စိတ်မကြည်ပဲ နိုးထခဲ့ရတယ်။ အလုပ်ကိုလည်း စိတ်မပါပဲ လာခဲ့ရတယ်။

ဒါပေမယ့် ဒီနေ့ အလုပ်ကလူတွေ ထူးဆန်းနေကြတယ်။ အရင်လို ကိုယ့်အလုပ်ကို လုပ်နေကြတာ မှန်ပေမယ့် အားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြတယ။ မေးကြည့်တော့လည်း ဘယ်သူမှ ပြန်မဖြေကြဘူး။ တော်တော်ထူးဆန်းနေကြတယ်။ စိတ်ကမှ မကြည်ပါဘူး ဆိုနေကာမှ မေးသမျှ ပြန်မဖြေပဲ နေနေကြတော့ လူက ဒေါသပါ ထွက်လာခဲ့တယ်။

စိတ်တိုတိုနဲ့ ကိုယ်အလုပ် လုပ်ရမယ့် အခန်းထဲ ဝင်သွားလိုက်တယ်။ မဝင်ခင် မြတ်သောအခန်းရှေ့ကို အရင် ဖြတ်ရတာမို့လို့ ချောင်းကြည့်ခဲ့သေးတယ်။ ဒါပေမယ့် ကိုယ်တော်က ဘာမှ မဖြစ်သလိုပုံစံနဲ့ အလုပ်လုပ်နေတယ်။

စိတ်နဲ့ ကိုယ်နဲ့မကပ်ပဲ အလုပ်လုပ်လာလိုက်တာ နေ့ခင်း ထမင်းစား နားချိန်တောင် ရောက်လာပါပြီ။ ပုံမှန် ဆိုရင် နေ့ခင်း ထမင်းစားတော့မယ်ဆို မြတ်သောက သူနဲ့ တူတူစားဖို့ လာခေါ်နေကျပါ။ အဲတာကြောင့် သူ လာများ ခေါ်မလားဆိုပြီး အခန်းထဲက စောင့်နေပေမယ့် လာမခေါ်ပါဘူး။ နဂိုကမှ စိတ်က မကြည်နေပါဘူး ဆိုနေကာမှ အခုလိုပါ လာမခေါ်တော့ ဒေါသက ငယ်ထိပ်ကို ရောက်သွားတော့တယ်။ ထွက်နေတဲ့ဒေါသတွေကို ပေါက်ကွဲဖို့ သူ့အခန်းဖက်ကို သွားလိုက်တယ်။

ဒါပေမယ့် သူ့အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ တိတ်ဆိတ်နေတာပဲ။ သူလည်း မရှိသလို တခြား ဘယ်သူမှလည်း မရှိဘူး။

"ဪ... ငါမပါပဲ ထမင်းသွားစာတယ်ပေါ့။"

ကျွန်တော့် သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းသွားခဲ့ပါပြီ။ တွေ့ရာအရပ်မှာ တုန့်ဆိုင်းမနေပဲ ဝုန်းဒိုင်းကြဲဖို့အတွက် ကုမ္ပဏီက Canteen ကို သွားခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းနေတာက ကျွန်တော်သွားတဲ့ လမ်းတစ်လျှောက် ဘယ်သူမှ မရှိပဲ တိတ်ဆိတ်နေတယ်။

Love-Eco ဂေဟအချစ် (Completed)Where stories live. Discover now