Love-Eco (Episode-9)

65 8 2
                                    

9-12-2019. (Monday)

မေမြို့လက်ဆောင်ကုမ္ပဏီ အစည်းအဝေးတွင်....................................

မြတ်သော - "အားလုံးကို အသိပေးစရာ တစ်ခုရှိပါတယ်။ ဒီလ စတုတ္ထ အပတ်ထဲမှာ ကျွန်တော်တို့ ကုမ္ပဏီ USက ကုမ္ပဏီတစ်ခုနဲ့ ကုန်သွယ်ဖို့ကိစ္စ ရှိပါတယ်။ အသေးစိတ်အစီအစဉ်တွေကိုတော့ ကိုရှင်းသန့်က သက်ဆိုင်ရာဌာနက ကြည့်ကြပ်သူတွေကို ပြောပြပါလိမ့်မယ်။

အခု ကုန်သွယ်မယ့် ပစ္စည်းတွေကို ပုဂံ-ညောင်ဦးဖက်က လက်ရာတွေကို အသုံးပြုပြီး သူတို့နိုင်ငံဖက်မှာလည်း သုံးရတာအဆင်ပြေတဲ့ပုံစံမျိုးဖြစ်အောင် Modified လုပ်ပြီး တင်ပို့မှာ ဖြစ်ပါတယ်။ အဲ့ကိစ္စအတွက် မနက်ဖြန်ကို ကျွန်တော် ပုဂံဖက်ကို ခရီးထွက်ပြီး လိုတဲ့ပစ္စည်းတွေနဲ့ သိကျွမ်းသူတွေကို သွားတွေ့မှာပါ။ မေးစရာများ ရှိကြပါလား။"

"........................................."

မြတ်သော - "မေးစရာမရှိဘူးဆိုရင် ကိုယ့်အလုပ်ဌာနကို ပြန်သွားနိုင်ပါပြီ။ ကိုရှင်းသန့်နဲ့ကိုခွန်းသစ် ခဏနေခဲ့ဦးနော်။"

ကျန်တဲ့သူတွေ ကိုယ့်အလုပ်ရှိတဲ့နေရာကို ပြန်သွားကြသည်။

ခွန်းသစ် - "မြတ်သောက ဘာပြောစရာရှိသေးလို့လဲ။"

မြတ်သော - "ကျွန်တော် မနက်ဖြန်ထွက်မယ့်ခရီးမှာ အသစ်ကို လိုက်ခဲ့စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပစ္စည်းထုပ်ပိုးတဲ့နေရာမှာ စက်ထဲကို Designဆွဲပြီး ထည့်ရမှာမို့လို့ စက်ပိုင်းဆိုင်ရာ အကြီးဆုံးဖြစ်တဲ့အနေနဲ့ လိုက်ခဲ့စေချင်တာပါ။"

ခွန်းသစ် - "အသစ်လိုက်ခဲ့ပါမယ်။"

မြတ်သော - "ကျွန်တော် ခရီးထွက်နေတုန်းမှာ ကိုရှင်းသန့်က ကျွန်တော့်ကိုယ်စား ကုမ္ပဏီကို ကြီးကြပ်ထားပေးပါ။"

ရှင်းသန့် - "စိတ်ချပါ မြတ်သော၊ တခုခုဆိုရင် မြတ်သောကို အစ်ကို ချက်ခြင်း လှမ်းအကြောင်းကြား ပါမယ်။"


10-12-2019. (Tuesday)

Myat Thaw's POV:

ဒီနေ့ ပုဂံဘက်ကို ခရီးထွက်ရမှာမို့လို့ ကျွန်တော်စိတ်လှုပ်ရှားမိနေပါတယ်။ ခရီးထွက်တာကို စိတ်လှုပ်ရှားတာမဟုတ်ပါဘူး။ ကျွန်တော့်ကုမ္ပဏီရဲ့ ပထမဆုံးသော လုပ်ငန်းအကြီးစားကို လုပ်ရတော့မယ်ဆိုတာရယ်၊ ကျွန်တော်ချစ်ရတဲ့သူနဲ့ ၃ရက်လောက် ခရီးထွက်ရတော့မယ် ဆိုတဲ့ အတွေးတွေးကြောင့်ပါ။ ဒီခရီးမှာတော့ ကျွန်တော် အသစ်ကို ဖွင့်ပြောတော့မယ်လို့ ဆုံးဖြတ် ထားပါတယ်။ ပြောရရင် "ဘုရားလည်းဖူး လိပ်ဥလည်းတူး" ဆိုသလိုပေါ့ဗျာ၊ အလုပ်ကိစ္စလည်းလုပ်၊ နှလုံးသားကိစ္စလည်းလုပ်ပေါ့။

Love-Eco ဂေဟအချစ် (Completed)Wo Geschichten leben. Entdecke jetzt