Love-Eco (Episode-19)

37 5 0
                                    

Going to the past ............................. (Continuation from episode-16)

In Chan Tha Thu Kha private hospital, Pyin Oo Lwin;

မြတ်သော - "မင်း ဒီကို ဘာလာလုပ်တာလဲ။"

မိုးသောက် - "ငါ ခွန်းသစ်ကို လာကြည့်တာလေ။ မင်းနဲ့ ရန်ဖြစ်ဖို့ မဟုတ်ဘူး။"

မြတ်သော - "မင်း ဘာမှ မသိချင်ယောင် ဆောင်မနေနဲ့။"

မိုးသောက် - "ငါက ဘာကို မသိချင်ယောင် ဆောင်ရမှာလဲ။"

မြတ်သော - "အခုကိစ္စတွေနောက်ကွယ်မှာ မင်းရှိနေတယ်ဆိုတာ ငါသိတယ်။"

မိုးသောက် - "ခဏနေပါဦး။ ဘာကိစ္စတွေလဲ။ မင်းပြောနေတာတွေ ငါတစ်ခုမှ နားမလည်ဘူး။"

သူ့မျက်နှာကို ကြည့်ရတာ သူ တကယ် ဘာမှ မသိထားပုံပဲ။ အဲတာကြောင့် သူ့ကို တခြားနေရာ ခဏ ခေါ်သွားပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။

မြတ်သော - "မင်း ငါနဲ့ ခဏလိုက်ခဲ့ဦး"

မိုးသောက် - "ငါ ခွန်းသစ်ကို လာကြည့်တာ၊ ဘာကိစ္စ မင်းနဲ့ လိုက်ခဲ့ရမှာလဲ။"

မြတ်သော - "အသစ် လောလောဆယ် မနက်စာ စားနေတယ်။ မင်းနဲ့ငါ စကားပြောဖို့လိုလာပြီ။"


Myat Thaw's POV:

ကျွန်တော် သူနဲ့ စကားပြောဖို့အတွက် ဆေးရုံရဲ့ လူရှင်းတဲ့နေရာကို ခေါ်သွားလိုက်တယ်။ အခုကိစ္စက မိုးသောက်ရဲ့အကြံလို့ ကျွန်တော် ထင်ခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက ကျွန်တော် သူ့ထက် သာပြီး တခုခုကို ရသွားတိုင်း သူ ကျွန်တော့်ကို လိုက်ပြီး အနှောက်အယှက်ပေးတတ်လို့ပါ။ အခုချိန်မှာ အသစ်က ကျွန်တော့်ချစ်သူဖြစ်နေပြီဆိုတော့ သူ့အနေနဲ့ အဲတာကို မကျေနပ်လောက်ဘူးလို့ ကျွန်တော် ထင်ထားခဲ့တာ။

မြတ်သော - "မိုးသောက်၊ အခု အသစ် ဘာဖြစ်လို့ ဆေးရုံတက်လိုက်ရလဲ မင်းသိလား။"

မိုးသောက် - "Accident ဖြစ်လို့မဟုတ်လား။"

မြတ်သော - "အဲဒီ Accident က လုပ်ကြံထားတဲ့ဟာပဲ။"

မိုးသောက် - "ဟမ်... နေပါဦး... ဘယ်သူက အသစ်ကို လုပ်ကြံတာလဲ။"

Love-Eco ဂေဟအချစ် (Completed)Wo Geschichten leben. Entdecke jetzt