(၂) ကောင်လေးတစ်ယောက်

3.4K 233 10
                                    

ကျွန်တော် ဒီနေ့ ကျောင်းတတ်ရမှာမို့ ကျောင်းကိုထွက်လာလိုက်တယ်
ကျောင်းရောက်တော့

နောက်ဆုံးခုံ ထောင့်ချိုး နားက နေရာမှာ ကောင်လေးတစ်ယောက် ထိုင်နေတာမို့

"ဖယ်ပေး"

"တခြားနေရာသွားထိုင်ဒါငါ့နေရာ"

"ငါကဖယ်ပေးလို့ပြောနေတယ်နော်"

"မဖယ်ပေးနိုင်ဘူးကွာ"

ထိုချိန် အခန်းဖော်သူငယ်ချင်းတစ်ယောက်ကရောက်လာကာ
မျက်ရိပ်မျက်ကဲပြကာ အသံတိုးတိုးလေးနဲ့

"ဟေ့ကောင် စိုင်း ဖယ်ပေးလိုက် "

အသံတိုးတိုးလေးကိုစိုင်းကြားရုံပင်အံကြိတ်ပြီးပြောလိုက်လေသည်။

"ဟေး ဖယ်ပေးလိုက်ဟ မင်းတော့သေတော့မှာပဲ စိုင်းဖယ်ပေးလိုက်"

စိုင်း လည်း သူ့အေရှေ့က သူက သူ့ကို ဝါးမြိုမတတ်ကြည့်နေတာမို့ ဖယ်ပေးလိုက်ရသည်။

ိစိုင်းဖယ်ပေးတော့ သွေးရောင်ခြည် က လာထိုင်လေသည်။

စိုင်းကတော့ မင်းမြတ် နားကို သြားကာ

"ငမွှေကောင် မင်းအဲ့တာဘယ်သူလဲသိရဲ့လား"

စိုင်းကခေါင်းကိုခါကာ

"မသိဘူးလေ မပြောဘဲ ဘယ္သိမလဲ"

"အဲ့တာ ဦးထွဋ်မင်းရောင် ရဲ့သား"

"ဟင် အဲ့တာဘယ်သူမို့လို့လဲ"

"ဟာဒူလိုက္တာ သူ့အဖေကိစ္စခဏထား ခုနက မင်းသာ သူ့အတွက် နေရာမဖယ်ပေးရင် မင်းသေ သွားနိုင်တယ်"

ထိုအခါမွ ခွန်စိုင်းနောင် မျက်လုံးပြူးလာကာ
သောက်နေတဲ့ရေပါသီးသွားလေသည်။

"ဘာ.ဘာဖြစ်လို့"

"အိုက်ယား ဟိုကစိတ်မြန်လက်မြန် မင်းသာသူနဲ့အငြင်းပွားနေမယ်ဆို အသက်ပျောက်ဖို့ သေချာနေပြီ"

"အော် အဲ့လိုလား"

သူတို့ကတော့ မသိ ပြောနေကြတာပင် ။
သူတို့ပြောတဲ့စကားတွေကိုကြားပြီး သွေးရောင်ခြည် ပြုံးမိလိုက်ပါသေးသည်။

.
.
.
.
.
.
"ကဲ ကလေးတို့ ဒါ က ဒီကျောင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့
မောင်ရတုမင်းခေါင် ကွဲ့ နှုတ်ဆက်လိုက်ကြဦး"

Love Poison {Completed }Место, где живут истории. Откройте их для себя