Zawgyi
.......ညနေဘက်ဖြစ်တာကတစ်ကြောင်း ကိုဇွဲဆီလည်းမပြန်ချင်ဘူး...။ အဟက် ရယ်တော့ရယ်ရသား အကုန်လုံးကကြောက်ကြတဲ့ ကျွန်တော့်ကို ကိုကို ကနှင်ထုတ်နိုင်ခဲ့တယ်တဲ့ ။ ဘယ်လိုတောင်ရူးသွပ်ရတာလဲ။
စိတ်ညစ်ရင် ထိုင်နေကြ ကလပ်ကိုပဲလာခဲ့လိုက်သည်။
ထိုနေရာက တစ်ကယ်ကိုစိတ်ရှုပ်မှုတွေပျောက်စေသည်။ဝိုင်းတစ်ဝိုင်းရွေးကာ တစ်ယောက်တည်းဝင်ထိုင်နေလိုက်သည်။ လာနေကြမို့ ကျွန်တော့်အကြိုက်ကိုသိနေတဲ့ စားပွဲထိုးလေးတွေက အစုံအလင်လာပြင်ဆင်ပေးသွားသည်။
ခေါင်းကိုစားပွဲပေါ်ကိုစိုက်ချလိုက်သည်၊ မစိုက်ချခင် မျက်လုံးထောင့်က တစ်ခုခုကိုတွေ့လိုက်ရတာမို့ ထကြည့်တော့ ဘယ်သူမှမရှိ။ သေချာပါတယ် ခွန်စိုင်းနောင် ။
ဟုတယ် သူမှသူပဲ သူ့လို ရိုးရိုးအအ လူတစ်ယောက် က ကလပ်နဲ့ဘယ်လိုပတ်သတ်လို့လဲ ။"ငါလူမှားတာနေမှာ"
သွေးရောင်ခြည် သူရဲ့စိတ်တွေကို ခဏ လွှတ်ချလို်က်ကာ
ပျော်ပျော်ကဲရန်ဆုံးဖြတ်လိုက်သည်။
ရှေ့မှာ ချပေးထားသော အရက်ကိုသောက်ချကာ
တီးလုံးနဲ့အတူ စည်းချက်ညီစွာ လိုက်ညည်းနေလိုက်သည်။သောက်သည်။ သူထပ်သောက်သည်။ ထပ်သောက်နေရင်းနဲ့သူငိုသည်။ ငိုနေရင်း မျက်လုံးထဲမှာမြင်နေရတာတွေက ကိုကို့ရဲ့ အကြည့်တွေ 'ထွက်သွား 'လို့ပြောတုန်းက ကိုကို့အသံတွေ ဟား.....
သွေးရောင်ခြည် စားပွဲထိုးလေးကိုခေါ်ကာ နောက်တစ်ပုလင်းထပ်မှာသည်။ မန်နေဂျာကိုယ်တိုင်ကိုက အံ့သြရပါသည်။ သွေးရောင်ခြည် သည် အမြဲသတိနဲ့နေတတ်သူမို့ အသိစိတ်လွတ်တဲ့အထိ ဘယ်တော့မှ မသောက်ဖူးပါ။
အခုတော့ ၃ ပုလင်းတောင်သောက်ပြီးနေပြီ။ခေါင်းမထူနိုင်တာတောင် အခုနောက်တစ်ပုလင်းထပ်မှာသည်။"မင်း...ဒီကိုခဏ"
"ဗျာ ဟုတ်ကဲ့"
စားပွဲထိုးလေးကို စိုင်း ကခေါ်လိုက်ကာ
"ရော့ အရက်ထဲထည့်လိုက် သူမူးနေလို့ အိပ်ပျော်စေမဲ့ဆေးပါ ငါသူ့သူငယ်ချင်းပါ "
أنت تقرأ
Love Poison {Completed }
رعبမင်းကအတ္တသမားပဲ....။ ................................ ကိုကိုက ကျွန်တော့်အပိုင် ကျွန်တော်တစ်ယောက်ထဲရဲ့အပိုင်.....။ #27.9.2020 #Vera_Vicki2619