(၁၃)မကြောက်ပါနဲ့ကိုကို မကွောကျပါနဲ့ကိုကို

1.6K 141 11
                                    

Zawgyi
........

"လွမ်းလို့"

"ဟွန့်...ကိုကို ကလည်း ဘာကိုလွမ်းလို့လဲ"

"တကယ်လွမ်းလို့သေတော့မယ်လို့"

"မတွေ့ရတာ ၃ ရက်လောက်လေးရှိသေးတာကို"

"လာ တစ်နေရာသွားရအောင်"

အခုပုံစံကဘာနဲ့တူနေလဲဆိုတော့ ကလေးတွေမိဘမသိအောင် အိမ်ကခိုးထွက်လာကြသလိုမျိုး....။

ကားလေးမောင်းနှင်ရာ သွေးရောင်ခြည် ထိုင်နေကြ နေရာလေးကိုရောက်လာကြသည်။
ထိုနေရာလေးက အတော်ကိုသာယာသည် ။
စိတ်ညစ်စရာတွေကိုဖြေဖျောက်ပေးသည်။
တစိမ့်စိမ့် ချမ်းအောင် တိုက်နေသော လေအေးလေးတွေကလည်း တစ်မျိုးတစ်ဖုံထူးခြားနေပြန်သည်။

ရတုမင်းခေါင် တံတားလေးပေါ်မှာထိုင်လိုက်ရင်း သွေးရောင်ခြည် ကိုဖက်ထားလေသည်၊ ခေါင်းလေးကိုငုံကာနမ်း၍ ဆံပင်လေးတွေကိုဖွပြီး ရင်ခွင်ထဲထည့်ထားသည်မှာ လွတ်ထွက်သွားမည်ကိုစိုး၍ တင်းကျပ်စွာဖြစ်နေလေသည်။

ချပ်!

ထိုအသံကိုတော့ ရတုမင်းခေါင် မကြား
ကြားလိုက်ရသူက သွေးရောင်ခြည်
သွေးရောင်ခြည် သည် ပုံမှန်မဟုတ်တာကြောင့် သာမာန်လူတွေထက် ထူးကဲကောင်းထူးကဲနိုင်သည်။

"ကိုကို ခဏ နော် အပေါ့သွားချင်လို့"

"ရလား ကိုယ်လိုက်ခဲ့ရမလား"

"ဟာ ဘာတွေလျှောက်ပြောနေတာလဲ"

သွေးရောင်ခြည် နှုတ်ခမ်းလေးထော်ကာ ပြောတော့ ရတုမင်းခေါင် ရယ်လေသည်။

"စတာ..စတာ..ကိုယ်စောင့်နေမယ် "

ရတုမင်းခေါင် ကိုပြောပြီး ခုနက ကင်မရာသမား မသိအောင် ကွယ်ဝှက်ပြီး သွားလိုက်သည်။
အမြဲတမ်းဆောင်ထားတတ်သော ဖိနပ်မှ ခေါက်ဓားလေးကိုယူကာ ချုံတွေထူနေတဲ့နေရာကနေ ထိုကင်မရာသမားကို ဝင်လုံးသည်။

"ပြော...မင်းကိုဘယ်သူခိုင်းတာလဲ ငါ့လက်ကလူမရွေးဘူးနော်"

"...."

"မပြောဘူးပေါ့ မင်းကအရမ်းတွေသတ္တိရှိနေတယ်ပေါ့ "

ထိုလူရဲ့ပုခုံးကိုဓားထိုးချ၍ သူအော်ရင် ကိုကို ကြားသွားမှာစိုးလို့လည်း သူ့ပါးစပ်ကိုပိတ်ထားရသေးသည်။

Love Poison {Completed }Donde viven las historias. Descúbrelo ahora