(၃)သူငယ်ချင်းအသစ် သူငယ်ချင်းအသစ်

3.1K 268 14
                                    

"ဦးထွဋ်မင်းရောင် နေကောင်းပါရဲ့လား"

ဦးထွဋ်မင်းရောင် ဆိုသော သူသည် စီးပွားလောကတွင်
အောင်မြင်ကျော်ကြားသော ဆရာတစ်ယောက်ဖြစ်သည်။
အသက်အရွယ်အားဖြင့် ၄၀ လောက်သာ ရှိဦးမည်။
ဇနီးဖြစ်သူကတော့ ငယ်ငယ်ကတည်းက ဆုံးသွားရှာလေပြီ။အဖိုးတန်သားလေးတစ်ယောက်ရှိသည် ။ သူကတော့
သွေးရောင်ခြည် ။

"ကောင်းပါတယ် မောင်ရတုမင်းခေါင် "

ရတု ဦးထွဋ် ရဲ့ စကားကိုခေါင်းငြိမ့်၍

"ကဲ...အဲ့တာဆို အစည်းအဝေး စကြတာပေါ့ "

.
.
.
.
.
.
၂ နာရီလောက်ကြတော့ အစည်းအဝေး ပြီးကာ
လုပ်ငန်းရှင်တွေ အသီးသီးခန်းမထဲမှထွက်လာသည်။

အခန်းထဲတွင် ကျန်ခဲ့တာက
ရတုမင်းခေါင် နဲ့ ဦးထွဋ်မင်းရောင် သာ။

"ဦး သား ကိုစောင့်ရှောက်ပေးဖို့်ပြောပါရစေ"

"စိတ်ချပါ ဦးထွဋ်မင်းရောင် အကောင်းဆုံး ဂရုစိုက်ပေးပါ့မယ် "

"ဦးလည်းသူ့ကိုလွှတ်ထားရတာ မိတဆိုးလေးမို့လို့"

"ဟုတ် အကောင်းဆုံးဖြစ်အောင်စောင့်ရှောက်ပေးပါ့မယ်"

ရတုမင်းခေါင် ရဲ့စကားကြောင့် ဦးထွဋ်မင်းရောင် ခေါင်းငြိမ့်ရင်း ခန်းမထဲကနေထွက်သွားလေသည်။

..............။

မနေ့ညက အဖြစ်အပျက်ကြောင့် လူက အခုထိ စိတ်မပြေနိုင် ။ ဘာကိုဒေါသထွက်လို့ထွက်နေမှန်းမသိ။

အမှန်တကယ်ဆို ဒါစိတ်တိုစရာမှမဟုတ်ဘဲ သူ့ကိစ္စလေ
ကိုယ်နဲ့ဘာမှမဆိုင်ဘဲ ကိုယ်က ဘာလို့စိတ်တိုနေရတာလဲ ။ သူမ ကကော ဘယ်သူလဲ ။
အတွေးတို့ကိုလက်စသတ်ကာ
ရေချိုးရန်ပြင်လိုက်သည်။

ရေချိုးနေတုန်းလဲ အဲ့လူနဲ့ အဲ့မိန်းမ မျက်နှာဘဲ အာရုံထဲရောက်နေပြန်တယ်

"ကျစ်...ငါဘာဖြစ်နေတာလဲ "

သွေး စိတ်မကြည်စွာနဲ့ ပြောမိသည်။ သူဒီကိစ္စကိုရအောင်စုံစမ်းပေမည်။

"ဟယ်လို ကိုဇွဲ မနေ့ညက ကိုရတုမင်းခေါင် နဲ့ ကောင်မလေးတစ်ယောက်ကို ကလပ်မှာတွေ့လိုက်တယ် အဲ့ကိစ္စစုံစမ်းပေး ဘယ်လိုပတ်သက်နေတယ်ဆိုတာ"

Love Poison {Completed }Opowieści tętniące życiem. Odkryj je teraz