(20)လာမယှဉ်နဲ့ လာမယှဉ်နဲ့

1.1K 102 2
                                    

Zawgyi
.........

ဆိုင်ထဲရောက်ရောက်ချင်း ကောင်တာကိုသွားကာ

"ကိုကို ဘယ်မှာလဲ"

အလိုတူအလိုပါ ပေါင်းကြံကြသော စားပွဲထိုးလေးဆီကိုသွားကာ

"ပြောရင်ပြောနော် မပြောရင်"

သွေး ဘောင်းဘီထဲက ဓားကိုယူ၍ ထိုစားပွဲထိုးရဲ့လည်ပင်းကိုထောက်ကာ

"ပြောလေ...."

"..... "

"ကြည့်ရတာ ပါးစပ်မပါဘူးထင်တယ် "

ပြောရင်း လည်ပင်းကို ဓားကနည်းနည်းလေးစိုက်ဝင်သွားသည်။

"ပြောလေ "

"ဟို...ဟို...အပေါ်မှာပါ "

"အခန်း?"

"မ..မသိပါဘူး သူတို့ခေါ်သွားကြတာ "

သွေးရောင်ခြည် ဇွဲနေလ ကိုဖုန်းဆက်ကာ

"ကိုဇွဲ အရင် Club ကိုခဏလာထိန်းပေး ကျွန်တော်အဲ့မှာရှိနေတယ်"

ပြောရင်း စားပွဲထိုးလေးကို လွှတ်ပေးကာ ဘေးနားကပုလုံးကိုယူ၍ ခွဲလိုက်တော့ တစ်ဆိုင်လုံးကထအော်လေသည်။

အပေါ်ကိုတက်ကာ

အခန်းတစ်ခန်းဝင်တစ်ခန်းထွက်ရှာနေသည်။ မကြာခင် ထောင်ကျကျကအခန်းတစ်ခန်း ။ အဲ့အခန်းထဲကို သွေးရောင်ခြည် ဝင်သွားလေသည်။

အခန်းထဲတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့ခေါင်းတွေပူထူသွားသည်။

"ကိုကို..."

ကိုကို့ ဘေးတွင်မိန်းမတစ်ယောက်ရှိနေလေသည်။ ဓာတ်ပုံတွေ ထဲတွင် ထိုမိန်းမပုံစံကို ဝါးထားပေမဲ့ အခုတော့သိလိုက်ရပြီ။

သွေး သည် ကုတင်ဘေးသို့ရောက်လာကာ ထိုမိန်းမကိုရိုက်ချလိုက်သည်။

ဖြောင်း!

ပူထူထွက်သွားသော ပါးပြင်ကိုကိုင်ရင်း သွေး ကိုကြည့်လာသည်။

သွေးသည် ထိုမိန်းမကိုနံရံသို့ကပ်ကာ လည်ပင်းကိုညှစ်ထား၍

"အောက်တန်းစားမ မင်းကိုဘယ်သူခိုင်းတာလဲ".

စိတ်တွေကမရတော့အောင်ပေါက်ကွဲထွက်ကုန်လေသည်။

Love Poison {Completed }Donde viven las historias. Descúbrelo ahora