(၇) မလှပခဲ့သောအတိတ် မလှပခဲ့သောအတိတ်

1.9K 202 11
                                    

မှောင်မိုက်နေသောနေရာတစ်ခု အဝတ်ဖြူနှင့်လှဲနေသောအမျိုးသမီးတစ်ဦး ဘေးနားကလူတွေကလည်းငိုနေကြသည်။ပြီးတော့ ထိုအမျိုးသမီး ဘေးနားမှာ အနက်ရောင်ဝတ်စုံနဲ့ လူ၂ ဦး ။ သူစိတ်တွေ စတင်မငြိမ်မသက်တွေဖြစ်လာတယ်။ ထိုလူ၂ယောက်က အဖြူရောင်အမျိုးသမီး ကခေါ်သွားကြတယ် ။ သူလိုက်ဆွဲတယ် ဆွဲလို့မရ။
သူဆွဲလိုက်တိုင်း အရှေ့ကိုမတိုးဘဲ အနောက်သာဆုတ်သွားတယ် ။ ပြီးတော့ ထို၂ ယောက်က ထိုအဖြူရောင်အမျိုးသမီးကို ရက်ရက်စက်စက် သတ်ပစ်လိုက်တဲ့ပုံရိပ်တွေ။ ငိုကြွေးနေကြတဲ့ ပုံရိပ်တွေ ။ ကြောက်ဖို့ကောင်းတဲ့လူကြီး ၂ ယောက် ။ ပြီးတော့ ထိုပုံရိပ်တွေကို နံရံအကွယ်ကနေ ချောင်းကြည့်နေသော သူ နဲ့တူသည့်ကောင်လေးတစ်ယောက် ။ အရာအားလုံးဟာကြောက်စရာအတိလွှမ်းခြုံလျက် ။

"အား....!"

အော် သူအိမ်မက် တွေမက်နေတာပဲ ။ အလားတူအိမ်မက်တွေကို မမက်တာတောင် ကြာခဲ့ပြီ။
အချိန်ကြည့်လိုက်တော့ မနက်၃နာရီ ပြန်မအိပ်ချင်တော့တာနဲ့ပဲ လုပ်စရာရှိတာတွေလုပ်နေလိုက်သည်။

ကျောင်းတတ်ရင်ကောင်းမလား မတတ်ရင်ကောင်းမလားလို့ စဉ်းစားနေမိသည်။ သူ ကိုရတု နဲ့ မတွေ့ချင်။ ကိုရတုကြောင့်မဟုတ်ပေမဲ့ သူ့နားကမိန်းမကိုမတွေ့ချင်ဘူး ။
တွေ့ရင်တစ်ခုခုလုပ်မိလိမ့်မယ်။
အဲ့တော့လဲ ကိစ္စကိုအဆုံးသတ်ရမှာပေါ့ ။

ကိုဇွဲကိုခိုင်းထားသော အလုပ်ကိုအဆုံးသတ်ဖို့ဂိုဒေါင်တစ်ခုကိုထွက်လာခဲ့လိုက်သည်။

ဟိုရောက်တော့ အရုဏ်တတ် အချိန်မို့လို့ မသဲမကွဲဖြစ်နေလေသည်။

ထိုတစ်ယောက်ကိုဖမ်းထားတာမို့ လာကြည့်တော့
ထိုလူက ကျွန်တော့်ကိုတအံတသြ ကြည့်နေလေရဲ့။

"သွေးရောင်ခြည် "

"ဟုတ်တယ်လေ သွေးရောင်ခြည် ။ ခင်ဗျားကိုပြောပါတယ် ကျုပ်ကိုလာမထိနဲ့လို့ ပြောခဲ့သားပဲ ကျွန်တော်မသေနိုင်ဘူးလို့ အဲ့နေ့ညကတည်းက ကျွန်တော့်ကို ခင်ဗျားသတ်လိုက်ရမှာ အဲ့နေ့ညက ကျွန်တော်မသေလို့အခုခင်ဗျားသေရတော့မယ် ဟားဟား"

Love Poison {Completed }Donde viven las historias. Descúbrelo ahora