(၅)သက်ဆိုင်ကြရဲ့လားသကျဆိုငျကွရဲ့လား

2.4K 226 20
                                    

Zawgyi
........

"ဟင့်အင်း မလုပ်နဲ့ မလုပ်ပါနဲ့...လွှတ်..ခင်ဗျားတို့ သူ့ကိုလွှတ်...ထွက်သွားကြ...သွား...မ...မဟုတ်ဘူး...သူမသေဘူး...ခင်...ခင်ဗျားတို့ကို
သတ်...သတ်ပစ်...မယ်... အား"

သွေးရောင်ခြည် နားနှစ်ဖက်ကိုအုပ်ရင်း သွေးရူးသွေးတန်းအော်တော့ ဇွဲနေလနိုးလာသည်။

"သွေး ဘာမှမဖြစ်ဘူးနော်... စိတ်ကိုအေးအေးထား"

"ကိုဇွဲ ကျွန်တော့်ကိုဖက်ပေးထားပါလား ကျေးဇူး...ကျေးဇူးပြုပြီး..."

"အင်း လာ ။ ဘာမှမဖြစ်ဘူးနော် စိတ်ထဲမထားနဲ့ သွေးမှတ်ထားကမှာက အတိတ်ကအတိတ်ပဲ ပစ္စုပ္ပန်မှာ အဆင်ပြေအောင်နေရမှာ "

ဇွဲနေလရဲ့ ရင်ဘတ်ပေါ်က စိုစိစိဖြစ်လာတာမို့
မသိမသာ ခေါင်းလေး ငုံကြည့်တော့
ဘုရားရေ သွေးရောင်ခြည် ဆိုတဲ့လူသားက ငိုနေတယ်တဲ့လေ ။ တစ်ခါမှမငိုဘူးတဲ့သူကလေ!

"ကဲ...ထ အရမ်းမလှုပ်နဲ့ ဒဏ်ရာနက်တယ်တဲ့
ဖြည်းဖြည်းထ "

မျက်နှာသစ် သန့်စင်ပြီး ကိုဇွဲက ကူပေးတာမို့ ရေချိုးခန်းထဲမှထွက်လာလိုက်သည်။

ပြီးကျမှ သွေး တစ်ခုခုကို မှတ်မိသွားဟန်နှင့် စဉ်းစားနေသည်။

သွားပြီ ။ ကိုရတု နဲ့ချိန်းထားသေးတာပဲ။

"ကိုဇွဲ ဘယ်အချိန်ရှိပြီလဲ "

"၉ နာရီထိုးတော့မယ် "

"ဟာသေပြီ...အ့"

စိတ်လှုပ်ရှားကာ အလျင်အမြန်ပြေးဆင်းလိုက်တာမို့
ဗိုက်က ဒဏ်ရာ ကအောင့်တတ်လာလေသည်။

"ကဲ ဖြည်းဖြည်း သတိထားမှပေါ့ ။ နေကောင်းတဲ့
သူလည်းမဟုတ် ။ အခုကော ဘယ်သွားဦးမလို့လဲ"

"(....)အဲ့ကို မနက်၉နာရီလာခဲ့ဆိုလို့ "

"ဘယ်သူကလဲ "

"ကို...ကိုရတု "

"ရတုမင်းခေါင် လား"

"ဟုတ်..ကိုဇွဲ သွားခွင့်ပေးပါနော် ။ သူနဲ့ချိန်းထားလို့ ဒီနေ့မနက်ကိစ္စကိုမနေ့ညက သွားလိုက်ရတာ နော်...နော်လို့"

"ဒဏ်ရာလဲမသက်သာသေးဘဲနဲ့ မသွားရဘူး"

ဇွဲနေလ အဲ့လိုပြောလိုက်တော့ ငြိမ်ကျသွားတာ နှုတ်ခမ်းလေးထော်ကာ ကုတင်ပေါ်မှာထိုင်နေလေသည်။

Love Poison {Completed }Where stories live. Discover now