(၁၄)မနှင်ပါနဲ့ မနှင်ပါနဲ့

1.4K 149 9
                                    

Zawgyi
........

ကိုကို ကျွန်တော့်ကိုအဲ့လိုပုံစံမျိုးနဲု့မင်သွားတာမျိုးကိုတကယ်
မကြိုက် ။ ကိုကိုစိတ်တိုနေတာကိုကျွန်တော်သတိထားမိသည်။ အခုလည်း ကားပေါ်မှာ တိတ်ဆိတ်လာပြန်သည်။ လေတိုးသံတောင်မကြားရ။ ကျွန်တော်အရဲစွန့်ပြီး

"ကိုကို...စိတ်ဆိုးသွားလားဟင်"

ဟုတ်ပါသည်။ ကိုကို ပြန်မဖြေ ပါ ။
တကယ်ကိုပြန်မဖြေခဲ့ပါ ။ ကျွန်တော်လည်း ဆက်မပြောဘဲနေလိုက်သည်။ ဒီလောက်ဆို ကျွန်တော်နားလည်သင့်ပြီ။

တစ်လမ်းလုံး ကိုကို့ မျက်နှာကိုကြည့်ကာ လိုက်ခဲ့ရသည်။
သွေးပေနေသော လက်ကို ကိုကို ထပ်တွေ့ရင်
ပိုဒေါသထွက်မှာစိုးလို့ လက်ကိုအင်္ကျီ အောက်ထဲထည့်ကာ ဝှက်ထားရသေးသည်။ဟူး.....

ဒီလိုနဲ့ပဲ အိမ်ကိုပြန်ရောက်လာသည်။
ကိုကို့ ဒေါ်လေးက နယ်ဘက်မှာ ဂျူတီကျတာနဲ့ ကိုကိုတစ်ယောက်ထဲဖြစ်နေလေသည်။

အိမ်ရောက်ရောက်ချင်း ကိုကို က ကျွန်တော်ကို ကားတံခါး ဖွင့်ပေးကာ ထားခဲ့ပြီး သူက အိမ်ကြီးထဲအရင်ဝင်သွားသည်။

ကျွန်တော်လည်း ကားပေါ်မှ ဆင်းကာ
ကိုကို့ နောက်ကို ပြေးလိုက်ကာ ကိုကို့ လက်ကိုဆွဲကိုင်တော့ ကိုကို က ဂရုမစိုက်တဲ့ဟန်ဖြင့် အခန်းထဲဝင်သွားလေသည်။

ကျွန်တော်ကတော့ ဧည့်ခန်းမှာပဲကျန်ခဲ့ကာ အပေါ်ထပ်က ကိုကို့အခန်းကိုငေးနေမိသည်။
လိုက်သွားရင်ကောင်းမလား ၊ ဟင့်အင်း ကိုကို ပိုစိတ်ဆိုးသွားရင်ကော ....

သိပ်မကြာလိုက်ပါဘူး ။ကိုကို အောက်ထပ်ကို ဆင်းလာနေသည်။ ကျွန်တော့်လက်ကို ဆွဲကာ အိပ်ခန်းထဲဝင်စေသည်။ ပြီးတော့ ကျွန်တော့် အင်္ကျီတွေကိုချွတ်တာမို့

"ကိုကို....ဘာ ဘာလုပ်တာလဲ "

"ငြိမ်ငြိမ်နေ "

တကယ်တော့ ကိုကို ဟာ ကျွန်တော် ကိုရေချိုးပေးဖို့လုပ်နေသည်တဲ့ ။ အဟက်! ကျွန်တော် ကလေးမှမဟုတ်ဘဲ ကိုကိုရယ်

ကိုကို့ ကို အတငိးပြောကာ ရေချိုးဖို့်အတွက် ရေချိုးခန်းထဲဝင်လိုက်လေသည်။ ရေချိုးပြီးတော့ လန်းဆန်းကာ ခုနက အနံ့ဆွဲနေသော သွေးနံ့တို့ပါမရှိတော့
ဟင်း....ကိုကို ကတော့ စိတ်ကောက်နေတုန်းပဲထင်ပါရဲ့ ။

Love Poison {Completed }Donde viven las historias. Descúbrelo ahora