Zawgyi
.........ဒီနေ့လည်း ကျောင်းမတတ်ချင် ကိုကို့ ကို ပင်ပန်းတယ်ဟုပြောကာ ဆရာ့ကိုခွင့်တိုင်ခိုင်းလိုက်သည်။
မေခတ္တာ ရဲ့မိဘတွေကတော့ ရတုမင်းခေါင် နဲ့လက်ထပ်ပွဲကိုတရားဝင်ဖျက်သိမ်းခဲ့သည်။ Ram နဲ့စေ့စပ်ခွင့်ရရန် မိဘတွေက လေ့လာနေလေသည်။သာနှင်းရည် ကတော့ အရင်အတိုင်းသာ ရတုမင်းခေါင် ကိုမရရင် လက်လျော့မဲ့ပုံမပေါ် ။
အဲ့တော့လည်း သွေးရောင်ခြည် နဲ့တွေ့ကြတာပေါ့။"ကိုကို သွားတော့မလို့လား"
အိပ်ယာကနေထမဘဲ ချွဲနေသော ကလေးငယ်အား
ရတုမင်းခေါင် အချစ်ပိုမိပါသည်။"သွားတော့မှာလေ"
"ဆရာ့ကိုပြောပေးနော် သွေး ကျောင်းမတတ်ဘူးဆိုတာကို"
"အဆိုးလေး ငပျင်းလေး ကျောင်းမတတ်ရင်လည်းထ
ရေချိုးတော့ ကိုကို ကျောင်းသွားတော့မှာ""ဟုတ်ကိုကို ထပြီ"
အမှန်တော့ ဒီနေ့ကျောင်းမတတ်တာ တစ်ချို့ကိစ္စလေးတွေရှိနေတာမို့။
ကိုကို့ ကိုနှုတ်ဆက်၍ ကိုကိုသွားတော့မှ အပေါ်ပြန်တတ်ကာ ရေချိုးသန့်စင်လိုက်သည်။ အနက်ရောင် ဂျင်းနဲ့ အနက်ရောင် ဟူဒီ ကိုထုတိ၍ ဝတ်ကာ mask အနက်ရောင်ကို တပ်လိုက်သည်။ ဟူဒီ အင်္ကျီ ရဲ့ ခေါင်းစွပ်ကို ခေါင်းမှာစောင်း၍ ခေါက်ဓားလေးကိုယူကာ ထွက်လာခဲ့လိုက်သည်။
.................။
"Boss မသာနှင်းရည် ရောက်လာပါတယ်"
ပြောလို့တောင်မပြီးသေး ဆူညံ့စွာနဲ့ဒေါက်ဖိနပ်ကိုနင်းကာရောက်ချလာသော သူမ။
"Ohh my darling "
ရတု သူရိန့် ကိုလက်ပြကာ ထွက်သွားခိုင်းလိုက်တော့ သူရိန် ကလည်း ခေါင်းညွှတ်ပြကာ ထွက်သွားလေသည်။
"လာရင်းကိစ္စ?"
အမှန်တကယ် သူမနဲ့လုံးဝအဆက်အဆံမလုပ်ချင် ။ သူမအဖေဧ။် ရှယ်ယာတွေကြောင့်ပါ အလိုက်သင့်ဆက်ဆံပေးနေရလေသည်။
"တို့အဖေက မင်းကိုစာရွက်တွေပေးခိုင်းလိုက်လို့"
"အင်းပြကြည့်"
ESTÁS LEYENDO
Love Poison {Completed }
Terrorမင်းကအတ္တသမားပဲ....။ ................................ ကိုကိုက ကျွန်တော့်အပိုင် ကျွန်တော်တစ်ယောက်ထဲရဲ့အပိုင်.....။ #27.9.2020 #Vera_Vicki2619