(၆) ယုံကြည်တာမို့ ယုံကွညျတာမို့

2.1K 208 16
                                    

အချိန်တွေကြာမြင့်လာခဲ့တယ် ။
ကျွန်တော့် ဒဏ်ရာလည်း အခြေအနေပြန်ကောင်းနေတာမို့ ကျောင်းပြန်တတ်ခဲ့တယ် ။

ကိုရတု နဲ့လည်း အခေါ်အပြောရှိလာတယ် ။ ကျွန်တော့်ရင်ထဲမှာ ကိုရတု နဲ့ရှိနေရရင် အမြဲပျော်နေသလိုခံစားရတယ် ။ သို့ပေမဲ့ ကိုရတု နဲ့ပတ်သတ်နေတာကိုတော့ ကိုဇွဲ ကမကြိုက် ။ ကိုရတု နဲ့ အဖေ နဲ့က လုပ်ငန်းတူတွေဆိုတော့ အလုပ်ကိစ္စနဲ့ ကျွန်တော့်အဖေအိမ်ကိုအမြဲတမ်း
လိုလို လာဖြစ်သည်။

ကျွန်တော် ကကိုယ်ပိုင်တိုက်ခန်းနဲ့နေတာမို့ ကိုရတု နဲ့ အဖေ့ အိမ်မှာ တစ်ခါသာ ဆုံဖူးသည်။

တစ်နေ့ အကို က ကျွန်တော့်ကို ချိန်းသည်။ ကောင်မလေးတစ်ယောက် နဲ့မိတ်ဆပ်ပေးမယ်တဲ့ ။ ကျွန်တော် အကို့ကို ခံစားချက်ရှိသည်။ ယောက်ျားလေး ၂ ယောက်ဖြစ်နေတာမို့ ဖြစ်သင့်လားမဖြစ်သင့်လား ကျွန်တော်မသိ။ သို့ပေမဲ့ ကျွန်တော် အကို့ကိုစိတ်ဝင်စားသည်။ အကိုကကော ? အကိုကတော့ ကောက်ကြောင်းလှလှလေးတွေပေယ်တဲ့ မိန်းမလှလေးတွေပဲ စိတ်ဝင်စားမှာပေါ့ သူမိတ်ဆပ်ပေးမဲ့ကောင်မလေးက အဲ့လိုမိန်းကလေးမျိုးနေမှာပေါ့။ အဟက်! ရယ်တော့ ရယ်ရသား ။ ကျွန်တော် က ယောက်ျားလေးတစ်ယောက်ကို ချစ်မိမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမထားခဲ့ဖူးလို့ဘဲ။

"သွေး အဆင်သင့်ဖြစ်ပြီလား ကိုယ်လာခေါ်ရမလား"

"ရတယ် အကို ကျွန်တော့် ဘာသာ လာခဲ့မယ် "

"အိုကေလေ သွေး ကိုယ် စောင့်နေမယ်"

...........

"သွေး ကိုယ်တို့ ဒီမှာ "

သွေးရောင်ခြည် ရတုမင်းခေါင် ဘေးနားမှာထိုင်နေသော ကောင်မလေးကိုကြည့်ကာ လက်သီးကိုကျစ်ကျစ်ပါအောင် စုတ်ထားမိသည်။ ပြီးတော့ စိတ်ထဲမှာ ရေရွတ်လိုက်သည်က
" မင်းတော့ အကို့ကောင်မလေးဆို သက်သာမှာမဟုတ်ဘူး ဘာလို့ဆို အကို့ဘေးမှာ ငါတစ်ယောက်ထဲရှိရမှာ"

အမူအရာပျက်နေသော ရုပ်ကိုပြင်ကာ အကို တို့ဆီကိုလျှောက်လာတော့ ကောင်မလေး ကရယ်ပြသည်။

"လာလေ သွေး ထိုင် "

"ဟုတ်အကို ဒီကအမက"

ကောင်မလေး ကတော့ ရယ်နေလေသည်။

Love Poison {Completed }Donde viven las historias. Descúbrelo ahora