(21)ဖြေရှင်းချက် ဖြေရှင်းချက်

1.1K 96 0
                                    

Zawgyi
................

ဗွမ်း~~~

"အဟွတ်...အဟွတ် "

လွတ်လပ်ခြင်းမရှိဘဲ လက်တို့ကို တိုင်နှစ်ဖက်တွင်တုတ်နှောင်ခြင်းခံထားရသော အမျိုးသမီးတစ်ဦး။

သူ့အရှေ့တွင်လူတစ်ဦးထိုင်နေသည်။

"ဘာလဲ အခုထိနားမလည်သေးတာလား သာနှင်းရည် "

"......."

"ငါပြောပါတယ် ငါကမင်းသိတဲ့သွေးရောင်ခြည်မဟုတ်ဘူးဆိုတာ ဘာလို့မယုံတာလဲ မင်းမသိသေးတဲ့အမှန်တရားကိုပြောပြမယ် Alden ဆိုတာငါပဲ "

သွေး ကသာ ဆက်တိုက်ပြောနေမယ့် သာနှင်းရည် ဘက်ကစကားပြန်မလာခဲ့ပေ။ ဒါပေမယ့် Alden ဆိုတဲ့စကားကိုကြားကြားချငိးသူအရမ်းအံ့သြသွားခဲ့သည်။

"ငါမပြောခဲ့ဘူးလား ကိုကို့ကို မထိပါနဲ့လို့ အခုတော့ အဟက်!"

"ဟားဟား!နင်ကောငါ့ကိုသတ်လိုက်ရုံနဲ့ လွတ်နိုင်မယ်ထင်နေတာလား?"

"အို့ နိုးနိုး မထင်ရဲပါဘူး.....အခုချိန်မှာတော့ မင်းကိုမသတ်ဖို့တောင်းဆိုနေသင့်တယ်မဟုတ်လား"

သွေးကပြောရင်း  တစ်နေရာကိုလက်ညှိုးထိုးပြလိုက်သည်။ဘထိုနေရာကတော့ ရက်ရက်စက်စက်အသတ်ခံထားရတဲ့ ကလပ်ကအမျိုးသမီးပင်။

သာနှင်းရည် လန့်သွားသည်။

"ကြောက်နေပြီလား ခဏနေပါဦး ဒါအခုမှအစပဲရှိသေးတယ်"

သွေးကပြောတော့ သာနှင်းရည်က ရယ်ကာ

"နငိနဲ့ရတုမင်းခေါင်နဲ့ မကြာခင်ဇာတိသိမ်းရလိမ့်မယ် ဇာတ်လမ်းပလှနေမှာမဟုတ်ဘူးဆိုတာကိုငါကျိန်ရဲတယ် "

"ဟင်း....ကိုဇွဲရေ နားထဲမှာ ယင်တွေဝဲနေတယ် ရှင်းလိုက်ပါဦး"

ကိုဇွဲလည်း သေနတ်ကိုမောင်းတင်ကာ သာနှင်းရည် ကိုတည့်တည့်ချိန်၍ပစ်လိုက်သည်၊ တစ်ချက်မဟုတ်သလို နှစ်ချက်လည်းမဟုတ် ။ အချက်ပေါင်းများစွာ ။

"ကိုဇွဲ အဆင်ပြေသလိုလုပ်လိုက်တော့ ကိုကိုခေါ်ထားသေးတယ် သွားပြီ။ "

သွေးရောင်ခြည်လည်း ဝိုင်ခွက်ကိုချကာ ထိုနေရာမှထွက်လာလိုက်သည်၊ အသက်နှစ်ချောင်းအတွက်စိတ်မကောင်းပေမယ့် ကိုကို့ကိုတော့လာမထိခဲ့သင့်ဘူး....။

Love Poison {Completed }Donde viven las historias. Descúbrelo ahora