အဆုံးသတ်အပိုင်းတို အဆုံးသတ်အပိုင်းတို

3.9K 150 14
                                    

Zawgyi
...............

ဇွဲ ထွက်မသွားချင်စိတ်ထဲကနေတွေးခဲ့သော စကားလေးတစ်ခွန်းလည်းရှိခဲ့သည်။

"ကိုယ်ဘယ်တော့မှ မင်းကိုချစ်ကြောင်းမပြောနိုင်တော့ဘူး" တဲ့

လဲကျနေသော ဇွဲကို ဖက်ကာ သွေး ရှိုက်ကြီးတငင်ငိုမိသည်။
သူ့ဘဝမှာ အကိုလိုဆရာလိုမျိုး ဆွေးမျိုးရင်းချာကဲ့သို့ သူ့ကိုစောင့်ရှောက်ပေးခဲ့တဲ့ လူတစ်ယောက်ကအခုလိုစောကြီးထွက်သွားရတာလား? ဟင့်အင်း သူမကျေနပ်ဘူး အသက်တွေကိုရအောင်ပြန်နှုတ်ပြမယ် ဟားဟား!

ရတု လည်း ခေသူမဟုတ်တာကြောင့် အကာတစ်နေရာကိုသွားကာ Lewis တို့ရဲ့တပည့်တွေကိုလိုက်ပစ်နေရသည်။ ကြာတော့ တစ်ယောက်ထဲမနိုင်ချင်တော့ပေ။

သွေး လည်း ဇွဲ ကိုခဏချကာ ကိုကို့ လက်ထဲကသေနတ်ကိုယူ၍ ကွယ်ရာကမဟုတ်တော့ဘဲ ပေါ်တင်ပင် ထွက်ပစ်လေသည်။ အပြန်အလှန်ပစ်ခတ်နေကြရင်း သွေး ပစ်လိုက်သော သေနတ်ကျည်ဆံသည် မင်းမြတ်ရဲ့ လက်မောင်းကိုဖြတ်တိုက်သွားသည်။

အ့~~

"အဆင်ပြေရဲ့လား မင်းမြတ်....သွေးတွေထွက်!"

"ရတယ် စိုင်း မင်းကိစ္စကိုအရင်ရှင်း သွေးရောင်ခြည် ကိုကလဲ့စားချေချင်တာမဟုတ်လား သွား...."

စိုင်း လည်း ဒဏ်ရာရသွားတဲ့ မင်းမြတ်ကြောင့် စနိုးစနောက်ဖြစ်နေသော်လည်း အခွင့်အရေးဟာ၂ခါမရနိုင်တာမို့ သွေးရောင်ခြည် ကိုချောင်းပစ်ရန်ချိန်ရသည်။

အခုချိန်ကတော့ Alden နဲ့ Lewis ထိပ်တိုက်တွေ့နေတဲ့အချိန်ပင်ဖြစ်သည်။

သွေး ပစ်လိုက်သော ကျည်ဆံသည် လွဲကာ စိုင်း ကိုမထိဘဲ အိမ်ရဲ့မှန်နံရံကိုသာဖောက်ခွဲသွားသည်။

ခွမ်း~~~

ဖောက်.....

စိုင်းသည် သွေးရဲ့ခြေထောက်ကိုခ်ျိန်၍ ပစ်လိုက်လေသည်။

"သွေး....!!!!!!"

အ့~~~ နောက်တစ်ဖက်သို့ထပ်ပစ်ခံလိုက်ရသည်။ စွေး လည်းထိုနေရာမှမထနိုငိတော့ဘဲ ဒူးထောက်ရက်သာဖြစ်နေသည်။ ပြီးတော့ သွေး လည်းသေနတ်ကိုပစ်မယ်ကြံတော့ သေနတ်က ကျည်ဆံကုန်သွားလေပြီ။

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 26, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Love Poison {Completed }Donde viven las historias. Descúbrelo ahora