(၁၀)မူမမှန်သောစိတ် မူမမှန်သောစ်ိတ်

1.6K 159 4
                                    

Zawgyi
........

ဒီနေ့မနက် သွေး ကိုကျောင်းတူတူသွားမယ်လို့ပြောထားတာမို့ သွေး ရဲ့တိုက်ခန်းကိုလာကြိုလိုက်သည်။
ကျွန်တော်ရောက်တော့သွေးကထွက်စောင့်နေတာမို့
တစ်ခါတည်းကျောင်းကိုတန်းလာလိုက်သည်။
သွေး က အခန်းထဲမဝင်ချင်သေးဘူးဆိုလို့ ရုံးခန်းကိုခေါ်ခဲ့လိုက်သည်။ ရုံးခန်းထဲ ဝင်လိုက်တော့

"သာနှင်းရည် "

ရတုမင်းခေါင် ကရေရွတ်လိုက်တော့

"ဘာလဲ လန့် သွားတာလားရတု"

"မသာနှင်းရည် ခင်ဗျားဘာလာလုပ်ပြန်ပြီလဲ "

"ကောင်လေး တို့နဲ့ခဏလိုက်ခဲ့"

သာနှင်းရည် သွေးရောင်ခြည် ကိုတစ်နေရာကိုခေါ်သွားလေသည်။
လူရှင်းတဲ့နေရာရောက်တော့

"အဟက်!မင်းဘာလဲဆိုတာတို့သိတယ်နော် ရတုကိုလွှတ်ပေးလိုက်"

"ကျွန်တော်ဘာလဲဆိုတာသိရင် ကျွန်တော်နဲ့ ဝေးဝေးနေသင့်တယ်နော် "

"အွန်း...မင်းကစကားပြောတာတော့ကောင်းကောင်းပြောတတ်သားပဲ တို့ကလွယ်လွယ်နဲ့နောက်မဆုတ်တတ်တာခက်တယ်"

"အဟက်!အဲ့တာဆိုရင်တော့ ခင်ဗျားသေတွင်းတူးတာပဲ"

"တို့ကတော့ မင်းနဲ့မင်းအဖေ ကိုယ့်သေတွင်းကိုယ်ပြန်တူးထားလို့ပြောချင်တယ် "

"ပွဲက မကြာခင်စတော့မှာပါ အဆုံးအဖြတ်ကိုနောက်မှပြောရအောင်"

"ဒါနဲ့ ရတု က မင်းပုံစံအမှန်ကိုသိရင်မင်းကိုဆက်ချစ်မယ်ထင်နေတာလား"

"ဆက်မချစ်ခဲ့ရင်တောင် ကျွန်တော် က ကိုကို့ကိုသိမ်းထားမှာမို့လို့ ထွက်ပြေးလို့မရအောင်လုပ်ထားမှာ"

သွေးရောင်ခြည် ရဲ့စကားကိုအနက်ပေါက်တဲ့ သာနှင်းရည် နည်းနည်းတော့ တုန်လှုပ်သွားသည်။
သို့ပေမဲ့ သူမ ဒါမျိုးလောက်နဲ့တော့မကြောက်တတ်။

"အော် ဒါနဲ့ မသာနှင်းရည် ခင်ဗျားကိုလည်း ထွက်မပြေးနိုင်အောင်လုပ်ပေးလို့ရတယ်နော်...ဟားဟား"

ပြောရင်း သာနှင်းရည် ကိုထားခဲ့ကာ လှည့်ထွက်လာလိုက်သည်။ ဒါပေမဲ့ သွေးရောင်ခြည် တစ်ခုခုကိုဝေခွဲမရဖြစ်နေသည်။

Love Poison {Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ