Chapter 3(သမီးလေးသာ)

1.3K 92 19
                                    

နေသာတဲ့နေ့ရက်လေးတစ်ခုမှာ ကျွန်တော်ဟာ သမီးငယ်ရဲ့လက်ကလေးကိုကိုင်ပြီး ဆုပေးပွဲအခမ်းအနားကို တတ်ရောက် လာခဲ့သည်။Meanငှားလိုက်တဲ့ ခပ်သန့်သန့် ချည် ရှုပ်အဖြူ လက်ရှည်နဲ့ ဘောင်းဘီ မဲနယ်ရောင် စတိုင်ပန့်အရှည်တစ်ထည်ကို သစ်လွင်ပြီးဈေးပေါတဲ့ ခါးပတ်တစ်ခုနဲ့ တတ်ရောက်ခဲ့ပါသည်။သမီးလေးက Mean ဝယ်ပေးလိုပ်တဲ့ ဇာ အနီရောင်ဂါဝန်လေးကို ဝတ်ပြီးပြုံးရွှင်နေခဲ့သည်မှာ အင်မတန်ချစ်ဖို့ကောင်းလှပါသည်။

သမီးလေးဟာ ကျွန်တော်မပါရင်ဆုမယူပါဘူးဆိုပြီး ပြက်သားစွာပြောခဲ့ပါတယ်။"မ"ဟာလည်း ကျွန်တော်ပါရင် မလိုက်နိုင်ဘူးလို့ သမီးလေးလို ပြက်သားစွာပြောနိုင်ခဲ့သည်။သမီးလေးက ထပ်မံပြီးပြောခဲ့ပါသေးတယ် "ဖေဖေ သာ ပါရင် ရပြီ" တဲ့လေ

သူ့မေမေဝယ်ပေးထားသည်များကို လှည့်မကြည့်ပဲ Mean ဝယ်ပေးထားတဲ့ ဂါဝန်အနီလေးကို ဝတ်ကာ တင်းတိမ်ရောင့်ရဲနေတတ်ခဲ့တယ် ။သမီးလေးရဲ့သိတတ်မှုတွေက ကျွန်တော့်ကို သိမ်ငယ်စေလွန်းတယ်

"နင့်ဖေဖေဆီကနံတယ်"

"အဲ့ဒါဆို ငါ့ဖေဖေအနားကိုမကပ်နဲ့ ငါနဲ့လည်း မပေါင်းနဲ့ ငါက ငါ့ဖေဖေရဲ့ သမီးမို့လို့ ငါ့ဖေဖေကို ပြောရင်ငါမကြိုက်ဘူး"

လူတိုင်းက ရှောင်ဖယ်ရှောင်ဖယ်နဲ့ ကျွန်တော့်ရဲ့ ဝတ်စားပုံကသူ့တို့လောက်မှမထည်ဝါပဲ
အထင်သေးတဲ့မျက်လုံးတွေက ကျွန်တော့်ကိုပဲကြည့်ကြပါ ကျွန်တော့်သမီးလေးကိုတော့ မကြည့်ကြပါနဲ့ဗျာ

သမီးလေးက လက်မှတ်လေူကိုင်ပြီး ခုံနေရာလေးကို လက်ညိုးထိုးပြပြီး ဖေဖေ့ အပိုင်ဆိုပြီးပြောလို့ ကျွန်တော် ပြုံးမိလိုက်တယ် ။

"ဖေဖေက မယုံဘူးလား သမီးမုန်ဖိုးဆုပြီး ခုံဝယ်ထားတာ ဖေဖေရဲ သမီးတော်တယ်မလား"

အစိုးရကျောင်းက ဒီလောက်တောင် ပဲလားလို့ ကျွန်တော်တွေးမိတယ်။ရင်ထဲကို စို့နစ်နစ်အရာတွေကတိုးဝှေ့လာပြီး အသက်ရှူ မရသည်အထိ တင်းကြပ်လွန်းသည်။ဘာအတွက်ကြောင့်များ ကျွန်တော်ဟာ စောက်သုံးမကျလွန်း တဲ့ သူတစ်ယောက်ဖြစ်နေရတာလဲ ပေးသမျှမုန့်ဖိုးတွေကိုစုပြီး ကျွန်တော်ထိုင်ဖို့အတွက် ခုံနေရာဝယ်ခဲ့ရသည်တဲ့

My Younger Man(Complete)Where stories live. Discover now