"သားမမွေးခင် အချိန်ကတည်းက Nice ရဲ့အမေနဲ့သားPowက သားမမွေးခင်ကတည်းက အတူရှိခဲ့ကြတာ Nice အမေကလည်း အိမ်ထောင်ရှိသလို Nice ကလည်းတစ်နှစ်သမီးလေးပဲရှိခဲ့တာပေါ့
Mae က ကငါးနှစ်လုံးလုံးတုံးအအ မိန်းမတစ်ယောက်ဖြစ်ခဲ့ရတယ် သားလေးမွေးပြီးတဲ့အချိန်မှာ Nice က Mae တို့အိမ်ကို ရောက်လာခဲ့တယ်သူ့အသက်က အဲ့တုန်းကငါးနှစ်စွန်းစွန်းလေးရယ် လသားလေး သားကိုကြည့်ပြီး သူပြောခဲ့တယ် Mae သိပ်ချစ်ရတဲ့သားကို သူဘဝထဲဆွဲသွင်းပြီး ပင်ပန်းဆင်းရဲ အောင်လုပ်မယ်တဲ့လေ သားPow က နောက်နေ့ Nice အမေနဲ့ ခရီးသွားရင်း ကားမှောက် ပြီး ပွဲချင်းပြီးဆုံးသွားခဲ့တာ အဲ့နေ့မှာ သူထက်ရောက်လာခဲ့ပြီး
ငါးနှစ်သမီးလေးက စူးစူးရဲရဲမျက်လုံးတွေနဲ့ကြည့်ပြီးပြောခဲ့တဲ့စကားလုံးကလေ Mae ကိုတုန်လှုပ်သွားစေခဲ့တယ် ဒီအိမ်ကြီးက တစ်ဦးတည်းသောသားက သူ့အဖေထက်ဆိုးတဲ့ဘဝကို ပိုင်ဆိုင်စေရမယ်တဲ့ လေ သူက အဖေချစ်သမီးထင်ပါရဲ့ သူ့အဖေအတွက် သားကို ကောင်းကောင်းကြီးကလဲ့စားချေနိုင်ခဲ့တယ်လေ"
"ဒါဆို "မ" ကသားကို မချစ်ခဲ့ဖူးပေါ့ သားကို နည်းနည်းလေးမှတောင် မချစ်ခဲ့ဖူးဘူးလားဟင် ဟင့် သားကိုမချစ်ရင်တောင် သားကို နာကျင်အောင်မလုပ်ခဲ့သင့်ဘူး သားမှာ ဘာအမှားတွေရှိခဲ့လို့လဲဟင် သား သား အားဟားး သားဘာအမှားတွေလုပ်ခဲ့လို့လဲဗျာ"
Mae ကိုဖတ်ကာ အော်ဟစ်ငို ကြွေးခဲ့တယ် ဒီဘဝနဲ့ ဒီအမျှပါ ကျွန်တော့်ဘဝမှာ "မ" ကသေဆုံးသွားခဲ့ပြီ
"မ" ချိန်းတဲ့ Cafe lover ကို ကျွန်တော်ရောက်တော့ သူရောက်မလာသေးဘူး။Black coffee တစ်ခွက်မှာပြီး ထောင့်စွန်းလေးက စားပွဲဝိုင်းလေး မှာကျွန်တော်ထိုင်နေခဲ့တဲ့တယ်
ဖြူဖွေးသန့်စင်နေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေနှင့် ငွေဇွန်းကိုကိုင်ကာ တစ်ချက်မွှေပြီး တစ်ငုံလောက်သောက်ကာ I phone pro တစ်လုံးရဲ့ Screen ကို အကြည့်မပျက် ပြေပြစ်ခန့်ညားနေတဲ့ မျက်နှာက အရာအယွင်းမရှိ သွေးကြောစိမ်းလေးတွေယှက်ဖြာနေတာတောင်မြင်နေရသည်။
အဖြူရောင် ရှပ် Branded တစ်ထည်ကို ခန့်ညားနေအောင်ဝတ်ဆင်ထားပြီး အနက်ရောက်စတိုင်ပန့် တစ်ထည်ကို Gucci ခါူပတ်ခေါင်းကို ဖော်ကာ စမတ်ကျနေအောင်ဝတ်ထားသေးသည်။နက်ပြောင်တောက်ပနေတဲ့ ရှူးတစ်ရံကလည်းသူ့ရဲ့သေးသွယ်တဲ့ခြေထောက်နဲ့ ပနံသင့်ပါဘိ
YOU ARE READING
My Younger Man(Complete)