"မောင်"
မောင် မနက်ဖြန်ဆို ငါတို့နှစ်ယောက်ရဲ့ပတ်သတ်မှုတွေ အကုန်လုံးဖြတ်တောက်ပြီး မောင် က သမီးလေးရဲ့ လက်တွဲဖော် ဖြစ်လာတော့မယ် မောင်ငါကတိတည်တယ်မလား တစ်လလုံးလုံး ငါ့မိသားစုကို အဆက်အသွယ်ဖျက်ပြီး မောင်နဲ့ အတူပျော်ရွင်စရာကောင်းတဲ့ အမှတ်တရတွေချန်ခဲ့ပေးပြီးပြီ မောင် ကရော ငါ့ရဲ့ ရွေးချယ်မှုနဲ့ ဆန္ဒကို လက်ခံပေးနိုင်ပါ့မလား
"မောင်"
အိပ်နေတဲ့မောင်က လူးလိမ့်ပြီး သူ့ရဲ့ မျက်ဝတ်သားရဲရဲလေးတွေက သူအိပ်မောကျနေမှန်းသိလိုက်ရလို့ ငါ့ကိုယ်ငါအပြစ်တင်မိတယ် မောင့်ကို နှောက်ယှက်မိပြန်ပြီ
"ကိုကို အစောကြီးနိုးနေတယ်"
"အင်းမောင် ညနေကြရင် bangkok ကိုပြန်ကြရမှာလေ အဲ့တော့ ငါ့မှာ မောင်နဲ့ ပြောစရာစကားတွေရှိနေလို့ ထတော့နော် ငါအိမ်ရှေ့က နှင်းဆီတောထဲမှာစောင့်နေမယ် မြန်မြန်နော် မောင်"
ငါမောင့်ကို အကြာကြီး စကားတွေ မပြောနိုင်ဘူး ငါငိုမိလိုက်လိမ့်မယ် ငါ့အတ္တတွေနဲ့ ငါငိုမိလိမ့်မယ် နှင်းဆီခင်းထဲမှာ ငါနာရီပိုင်းလောက်ငိုပြီးနေပြီ အခုနည်းနည်းလောက်ဖြစ်ဖြစ် ထပ်ငိုလိုက်ချင်သေးတာမို့ ငါငိုနေမိပြန်တယ် မောင် ငါ့ဆုံးဖြတ်ချက်တွေက မောင့်အတွက်ပဲဆိုတာ မောင်ယုံကြည်ပေးနိုင်ပါ့မလားလေ
"ကိုကို ဘာလို့ငိုနေတာလဲ"
"လမ်းခွဲကြရအောင် "
"အင်းပေါ့ ကိုကိုကလည်း ကိုယ့်အိမ်ကိုယ်ပြန် မောင်ကလည်း မောင့်အိမ်ကိုပြန်ရမှာ ကိုကို စောစောစီးစီး နောက်မနေနဲ့ မနက်စာစားကြရအောင်လေ"
"မောင်တကယ်ငါပြောနေတာ ငါတို့လမ်းခွဲကြရအောင်"
"ဟား ဟား ဟဲဟဲ ကိုကို မနောက်နဲ့ "
မောင် က အသက်မပါစွာ ပြုံးရယ်နေပြီး သူ့စိတ်ကို သူညာကာ ငါ့ကိုမနောက်ဖို့ပြောနေတယ် ငါဘာလုပ်ရမလဲမောင်ရယ်
"..."
ငါ့လက်ကို လာဆွဲတဲ့ မောင့်ဆီက ရုန်းပြီး မောင့်မျက်လုံးတွေကိုငါစိုက်ကြည့်နေမိတယ် မောင် မျက်ဝန်းအိမ်မှာလည်း မျက်ရည်တွေနဲ့
YOU ARE READING
My Younger Man(Complete)