အခန်းထဲ ကိုဝင်လာတဲ့ Perth ကို လိုက်ကြည့်မနေဘဲ ကိုယ့်ဘာသာ ခေါင်းဦးလေးကို အစွန်ဘက်ရွှေ့ပြီး မှေးနေခဲ့သည်။ဒီအချိန်မှာ သူနဲ့ ရင်မဆိုင်ချင်ဘူး အတင်းအကြပ်အနမ်းခံရလို့ ရှက်ပြီး ရန်တွေ့ရအောင် အပျိုဖြန်းလေးလဲ မဟုတ်ဘူး တစ်မူထူးပြီး ခုန်နေတဲ့ ရင်ထဲက နှလုံးသားကြီးကို ငြိမ်အောင်သာထားရမယ်
အိကမနဲ ဖြစ်သွားတဲ့ မွေ့ယာခင်းကြီးနဲ့ ကောင်လေး အသက်ရှူသံတွေကိုကြားနေရပြီ ဘာလို့များ ကျွန်တော်နဲ့ အရမ်းနီးကပ်နေရတာလဲ လည်ပင်းကို ရှိုက်ခက်လာတဲ့ အသက်ရှူသံတွေက ပိုပြီး ပြင်းထန်လာသည်။အသက်အောင့်ထားမိသည်အထိ ကျွန်တော့်ရဲ့နှလုံးခုန်နှုန်းတွေ ပေါက်ထွက်မတတ်ဖြစ်နေပြီ
"မအိပ်နဲ့ဦး အကို ကျွန်တော် ထမင်းပွဲမှာထားတယ် ထစားဦး အကို မစားရသေးတာ ကျွန်တော်သိတယ်"
"......."
"အိပ်ချင်ယောင် ဆောင်နေတာကိုရောပဲ"
"ငါက ဘာလို့ အိပ်ချင်ယောင်ဆောင်ရမှာလဲ ငါ့ဘာသာ အိပ်ဖို့ မှေးနေတာ ငါ့အနားအရမ်းမကပ်နဲ့"
လက်ထောက်ကာ ကျွန်တော့်ဘက်ကို စောင်းပြီး ပြုံးကာကြည့်နေပြန်သည်။နီးကပ်လွန်းတဲ့ အကွာအဝေးကြောင့် ကုတင်ပေါ်က ဆင်းပြီး Sofa ပေါ်ကို အမြန်နှုန်းနဲ့သွားနေတုန်း တံခါးခေါက်သံကြောင့် ဖွင့်ပေးတော့ ထမင်းလာပို့တဲ့ဝန်ထမ်းတွေ
"Lotel က အစားအသောက်ဝန်ဆောင်မှုရရှိပါပြီရှင့် "
စားပွဲပေါ်မှာ ကျကျနန လေးပြင်ဆင်ပေးပြီး ပြန်ထွက်သွားတဲ့ ဝန်ထမ်းတွေကိုကြည့်ပြီးတာနဲ့ Perth ကိုကြည့်ပြီး မျက်စောင်းထိုးမိလိုက်သည်။ကျွန်တော်ကလေးဆန်တယ် လို့မယူဆ ကြပါနဲ့ အစားအသောက် ဆိုတဲ့အတိုင်း ဝိုင် ၂ ပုလင်း တောင်ပါလာသည်။ဒီလို ခရီးစဉ်မှာ ကျွန်တော် alcohol ကိုသောက်ခွင့်မပေးထားဘူး သမီးပါနေတဲ့အတွက်ကြောင့်လေ
"အဲ့လိုမကြည့်ပါနဲ့ အကိုရာ ညဘက်ပဲ နည်းနည်းလောက်သောက်ကြရတာပေါ့ နော် alcohol အများကြီးမပါပါဘူး ဝိုင်လောက်လေးကို နော် ခွင့်ပြုပါ"
ဗိုက်က ဟင်းနံ့မွှေးမွှေးတွေကြောင့် ဆာလောင်နေပြီ ။ထမင်းကိုပဲ အာရုံစိုက်လိုက်တော့ သူ ခွက်နှစ်ခွက်ထဲကို ဝိုင်ထည့်ကာ တစ်ခွက်ကို ကျွန်တော့်ဆီလှမ်းပေး
တာကြောင့် ခေါင်းခါပြပြီးငြင်းလိုက်သည်။
YOU ARE READING
My Younger Man(Complete)