တိမ်တွေထူထပ်နေတဲ့ကောင်းကင်ကြီးက အငြိုးကြီးစွာ မိုးရွာမလိုလိုနဲ့ ဆွေတယ်မောင်
သိပ်ချစ်လွန်းတဲ့ငါက မောင်နဲ့ အတူရူးမိုက်မလိုလိုနဲ့ တကယ်တမ်း အရှုံးပေးရပြန်တယ်
ငါမငိုချင်ဘူးမောင်ရယ်ဖျော့တော့နေတဲ့ လူသားလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုထွေးပွေ့ပြီး တင်းကြပ်စွာ ဖတ်တွယ်ထားရင်းပေါ့ နေဝင်ခါစ ညနေစောင်းလေးဟာ အေးသလိုလို ကိုကို က အခုချိန်ထိ မနိုးထသေးဘူး စားပွဲပေါ်က Ph call တွေ နဲ့နီရဲနေတဲ့ ဖုန်းနှစ်လုံးကို လျစ်လျူရှုလိုက်မိပြန်တယ် ကိုကို့ ကို နှိုးမှပါလေ
"ကိုကို မောင့်ရဲ့သည်းအူပွတ်ကလေးရေ ထတော့"
"အင်း....."
နှာခေါင်းကို ညစ်ပြီး လှုပ်ရမ်းလိုက်တော့ ကိုကိုက အသံရှည်လေးနဲ့နိုးလာလေပြီ မျက်လုံးလေးတွေက တစ်နေကုန်အိပ်ထားတာကြောင့်ရော ညက ငိုထားရတဲ့ အရှိုန်ကြောင့်ပါ နီရဲလို့နေတာ
"မောင်..........ဗိုက်ဆာတယ်"
"မောင့်ကိုစားမလား မောင်က ကိုကို့ကိုစားရမလား"
"မောင့်.....ခွေးကောင် ငါ့ကိုရေချိုးခွင့်ပေးဦး"
အခုတလောကိုကိုက ရိုင်းလာသည်။ကျွန်တော့် ကို အမြဲခွေးကောင်ဆိုပြီး ဆဲတတ်လာတယ် ကိုကို ဟာ အရိုင်းအစိုင်းလေး ဖြစ်မှန်းမသိဖြစ်လာပြီ ကျွန်တော်ကလည်း ကိုကို့ ရဲ့နှုတ်ခမ်းပါးကထွက်သမျှစကားလုံးတိုင်းမြတ်နိုးမိပြန်တယ် ဒီကိုကိုနဲ့မောင်ဟာ ရူးတော့မှာပါလေ
ရေချိုးသန့်စင်ပြီးသည်နှင့် ကိုကိုသည် ကျွန်တော့်ရဲ့အဝတ်အစားတွေ ကို ယူဝတ်သည်။ကျွန်တော်ကိုယ်တိုင်က လည်း လူငယ်ဆန်သည့်အဝတ်အစားမျိုးမရှိ အသက် သုံးဆယ်ကျော် အမျိုးသားနှစ်ယောက်အဖို့ အဝတ်အစားကတော့ ပြသနာမရှိပါလေ
ကျွန်တော်နဲ့ ကိုကို သည် ဆက်သွယ်ရေးကရိယာတွေကို ဥပေက္ခာပြုပြီး သီးသန့်ကမ္ဘာလေးမှာ တိုးတိုးတိတ်တိတ်နေဖို့ ဆုံးဖြတ်ထားခဲ့သည်။ကားသော့ဆွဲကာ စားသောက်ဆိုင်တစ်ခုသို့ ကျွန်တော်တို့နှစ်ယောက်လက်ကို တွဲပြီးလျှောက်လှမ်းလာခဲ့တယ် ကျွန်တော့်ခေါင်းထဲမှာ ကိုကိုကလွဲပြီး အရာအားလုံးက နတ္ထိလေ
KAMU SEDANG MEMBACA
My Younger Man(Complete)