တောင်းပန်ပါတယ် Lourise P' ဘဝမှာ ပထမဆုံး ညီမလေးတစ်ယောက်လို မင်းကို အဖြူစင်ဆုံချစ်ပေးခဲ့တယ် စာတွေသင်ပြ ပြုစုပျိုးထောင်ပေးခဲ့တယ် P' ရဲ့စေတနာအရင်းခံတွေပါ အခြား အကြောင်းအရာတွေကြောင့် မင်းရဲ့ ဖြူစင်တဲ့ စိတ်လေးကို P" ညစ်နွမ်းစေမိပြီ ကလေးငယ် တကယ်ပါ P' မင်းကို တစ်နေ့တော့ ဒူးထောက်ပြီးသေသေချာချာတောင်းပန်ပါ့မယ်
"Hello ကိုကို "
"Perth လမ်းခွဲကြရအောင် "
ကျွန်တော် သေချာစဉ်းစားဆုံးဖြတ်ပြီးသွားခဲ့ပါပြီ တစ်နေ့လုံး ရုံးခန်းထဲမှာ ဘာအလုပ်မှ
မလုပ်ပဲ ထိုင်ပြီး စဉ်းစားနေခဲ့တာ သေချာတာ တစ်ခု ကျွန်တော် ရူးမိုက်နေတဲ့ အရာတွေအားလုံးကို လက်လွှတ်လိုက်ဖို့အချိန်တန်နေပြီ ကျွန်တော့်ဘဝမှာ သမီးနဲ့ လူတစ်ယောက်ကို အပြိုင်ချစ်နေရတာတောင် တော်တော်အောက်တန်းကျနေပြီ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းလွဲမို့လို့ ကျွန်တော်ကိုယ်တိုင်ပဲ တည့်မတ်ဖို့လိုနေတာ"မောင် ဘယ်မှာလဲ ကိုကိုသိလား"
"..."
" မောင် တိုက်ခန်းရဲ့ ဝရံတာလက်ရန်းမှာထိုင်နေတယ် ကိုကို ....... ကိုကို့ ကို မောင် ပြောဖူးတယ်နော် ကိုကိုမရှိရင် မောင် ရှင်သန်ဖို့ရာ အကြောင်းပြချက် မရှိဘူးလို့ ကိုကို့ ရွေးချယ်မှုအတိုင်း မောင် ကိုယ်တိုင်လည်း..."
"မောင်.......ဟင့်အင်း.....*sob* ငါ့ကို အကြပ်မကိုင်ပါနဲ့ ကျေးဇူးပြုပြီး ငါ့ကို အဲ့လိုတွေ အကြပ်မကိုင်ပါနဲ့ "
"မောင် .....ကိုကို့ ကို အကြပ်ကိုင်ခဲ့ဖူးလို့လား မောင်ကိုကို့ ကိုစိတ်ညစ်အောင်စကားတွေနဲ့ ချုပ်နှောင်ဖူးခဲ့လား ကိုကို့ ကို အသိပေးတာ ပါ မောင်လေ တစ်နေ့လုံး ကိုကို့အကြောင်းစဉ်းစားနေတာ မောင်တို့နှစ်ယောက်အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမယ်လို့လေ
အခုတော့ကိုကိုက လမ်းခွဲမယ်တဲ့ မောင်တစ်နေ့လုံး စိတ်ညစ်နေတာဝန်ခံတယ် မနေ့ကတစ်ညလုံးလည်းမောင်အိပ်မပျော်ဘူး မောင်တကယ် P'Nice.နဲ့ Lourise ကိုသနားတယ် ဒါပေမဲ့ ကိုကို့ကို ချစ်တဲ့ အချစ်စိတ်က လက်လျော့လိုက်ဖို့အထိ အားမလျော့ရဲ ပြန်ဘူး ကိုကိုသိလား မောင့်အသက်ထက် ကိုကို့ ကိုပိုချစ်တာ ကိုကိုမသိပါဘူး ကိုကိုကမောင့်အပေါ် စိတ်ယိုင်ခဲ့ရုံလေးဆိုတာမောင်သိတာပေါ့ မောင် အများကြီးမတွေးထားပါဘူး ကိုကို ကိုကို့ ကိုလေ မောင်ကသိပ်ချစ်တာ အဲ့စကားလေးကို နောက်နှစ်ဒီလိုအချိန်လေးမှာ ပြန်ကြားယောင်ပေးနော် နောက်နှစ်ဆိုရင် ဘယ်သူမှ မငိုကြွေးပေးတဲ့ကောင်လေးရဲ့ နှစ်ပတ်လည်နေ့လေ ကိုကိုရဲ့ "
YOU ARE READING
My Younger Man(Complete)