တိုက်ခန်းလေးကိုပြန်ရောက်တော့ Password ရိုက်နေတဲ့ လက်တွေကအစ တုန်တုန်ရီရီ....စိတ်ထဲမှာ ဗြောင်းဆန်နေတဲ့ အတွေးတွေက အကို့ကို ကျွန်တော် လက်လွှတ်ရတော့မယ် အထပ်ထပ်မေးနေမိတာကလည်း ထိုအတွေးတွေပဲ အကို့ကိုကျွန်တော်တကယ်ပဲ လက်လွှတ်ဆုံးရှုံးရတော့မှာ ပိုင်ရှင်ပြန်ရောက်လာတဲ့အခါ ကျွန်တော်က ဘေးလူအနေနဲ့ သိမ်ငယ်နေရဆဲပဲ
ဖုန်းရဲ့တဂျီတဂျီ တုန်ခါမှုက တိတ်ဆိတ်ပြီးမှောင်မဲနေတဲ့ အခန်းလေးကို ဆူညံသွားစေသည်။ဒါနဲ့ဆို ဖုန်းခေါ်ဆိုမှုပေါင်း ၁၀၀ တိတိရှိပြီ အားကြိုးမာန်တတ်ခေါ်နေသူက Lourise ...... အကိုမင်းကို ဘယ်လိုတောင်းပန်ရမလဲ Lourise အကိုချစ်တာ မင်းအဖေကို ဆိုပြီး ဘယ်လို ပြောရမလဲ သုံးရက်ရှိပြီ သူထမင်းလည်းမစားဖြစ် ရေတောင်ထမသောက်ဘူး ကုတင်ခြေရင်းလေးမှာပဲ ဒူးလေးထောင်ကာ မှေးနေမိသည်။သူငိုတယ် ငိုနေရင်းအိပ်ပျော်သွားပြန်တယ် သူနိုးထလာရင် ထပ်ငိုတယ် သူနဲ့ အဖော်ပြုပေးနေတဲ့ တဂျီတဂျီမြည်နေတဲ့ ဖုန်းလေးတစ်လုံးပဲရှိတာ
"Perth. .......မင်းဘာလုပ်နေတာလဲ ငါပြောနေတာကြားလား"
"အ.....ကို......လား......sob...."
"ဟုတ်တယ် ထ"
အကိုဘယ်လိုရောက်လာတာလဲဟင် အကို က Password ကိုဘယ်လိုသိနေတာလဲ
အကိုက ကျွန်တော့်ကိုဖတ်ထားတယ်အကို့ရဲ့နှင်းဆီဖြူခပ်သင်းသင်း အနံ့လေးက ကျွန်တော့် နာကျင်မှုတွေ ကိုသက်သာစေတယ် အကို"မင်းဘာလို့ခေါင်းမာရတာလဲ~~~~ငါဘယ်လောက်စိတ်ပူနေလဲ ငါမင်းကို ဖုန်းတွေ အဆက်မပျက်ခေါ်နေတာတောင် မင်းမကိုင်ဘူး ဘာလုပ်တာလဲ ကွာ.....ငါ....ငါ မင်းကို ဘယ်လောက်တောင်စိတ်ပူနေမလဲမတွေးမိဘူးလား"
အကိုက ကျွန်တော့်ကို စိတ်ပူနေတယ်တဲ့လား ကျွန်တော်အိပ်မက်တွေမက်နေပြန်ပြီလား ဒီအိပ်မက်လေးက နေ မနိုးထချင်တော့ဘူး အကို့ကို ပြန်ပြောဖို့အထိ အားအင်တွေမရှိတော့ဘူးအကို
အကိုကျွန်တော့် နဖူးကို နမ်းရှိုက်နေတာလားဟင် .......
"ကျေးဇူးပါ...."
"ဘာပြောတာလဲ ငါမကြားရဘူး ခဏလေးနော် ငါစားဖို့တစ်ခုခုသွားယူပေးမယ်"
![](https://img.wattpad.com/cover/244086792-288-k87468.jpg)
YOU ARE READING
My Younger Man(Complete)