Chapter 11(ထို့ကြောင့်)

960 81 18
                                    

ကျောင်းကနေ အိမ်ကို သူငယ်ချင်းတွေ ခေါ်ပြီး ပြန်လာခဲ့တဲ့ ရက်တွေထဲက တစ်ရက်ပေါ့
ဧည့်ခန်းမှာတောင် Pow နဲ့ နမ်းရှုံ့နေတဲ့ အမျိုးသမီးတစ်ယောက် မိန်းကလေး သူငယ်ချင်း နှစ်ယောက်နဲ့ ယောက်ျားလေးသူငယ်ချင်းသုံးယောက်ပါလာတာ Presentation အတွက် အိမ်ကိုခေါ်လာခဲ့တာ မြင်ကွင်း ရင်ဝကိုစောင့်ကန်ခံလိုက်ရသလိုပဲ အောင့်တတ်သွားတဲ့ နှလုံးသားနဲ့ အံ့သြခြင်းများစွာပဲ

"Pow ဒါဘာလုပ်နေတာလဲ Mae ရော "

Mae ကိုစိုးရိမ်တကြီးမေးမိသည် Mae သိသွားရင် အရမ်းခံစားသွားရမှာသိနေလို့ Mae.က Pow ကိုသိပ်ချစ်တာလေ Pow ပေါင်ပေါ်က မိန်းမက ကျွန်တော့်ကိုကြည့်ပြီး သူ့ရဲ့ စလင်းဘတ် အိတ်ကို ဆွဲကာ ထွက်သွားလေရဲ့ ဘယ်လို အောက်တန်းကျလိုက်သလဲ

"Nice ညကျရင် ကိုကြီး ဖုန်းဆက်မယ်နော်"

"Pow သာမေးနေတာ Mae ရောလို့ အိမ်ရှေ့ကြီးမှာ အရှက်မရှိဖြစ်နေတာ သားသူငယ်လချင်းတွေကို ဘယ်လိုမျက်နှာပြရမှာလဲ
Pow ဘယ်သွားမှာလဲ Pow..............."

သူ့ကိုတောင် တစ်ချက်မကြည့်ပဲ အပြင်ကိုထွက်သွားတာ သူငယ်ချင်းတွေကို နောက်နေ့မှ လုပ်မယ်ဆိုပြီး ရက်ရွှေ့ပြီးတောင်းပန်လိုက်သည်။အပေါ်ထပ်ကို ပြေးတတ်သွားတော့ အခန်းထဲမှာ အိပ်နေတဲ့ Mae ........Mae, မနိုးအောင် တံခါးကို အသာပြန်ပိတ်ပြီး အခန်းထဲပြန်ဝင်ကာ ငိုနေမိသည်။Mae သိသွားခဲ့ရင် ဆိုတဲ့အတွေးတွေ
မိသားစုလေးကွဲသွားခဲ့ရင် Pow သာ ထိုအမျိုးသမီးကို လက်ထပ်ပြီး Mae ကိုကွာရှင်းလိုက်ရင်ဆိုတဲ့ အတွေးတွေက ခေါင်းထဲမှာပြေးလွှားနေပြီး ခုတင်းထောင့်မှာ တစ်ယောက်တည်းကြိတ်ငိုနေမိတာ ကျွန်တော်ကြောက်တယ် ပျော်ဖို့ကောင်းတဲ့ ကျွန်တော်တို့မိသားစုလေးတစ်ကွဲတစ်ပြားဖြစ်သွားမှာကို ကျွန်တော်သိပ်ကြောက်တာ

Pow ရဲ့ GPS က ချိတ်ထားပြီးသားမို့ ဖွင့်ကြည့်ကြည့်ပြီး အိမ်ကကားကိုထုတ်ကာ လိုက်သွားကြည့်သည်။Siam,မှာတဲ့လေ
ထိုအမျိုးသမီးလက်ထဲကို ပိုက်ဆံပေးပြီးယကြင်ကြင်နာနာ နမ်းလိုက်တဲ့ Pow, Mae သာမြင်ရင် ရင်တွေ ကွဲမှာ ကျွန်တော် သိပ်လေးစားရတဲ့ Pow က ဒီလိုလား ဗျာ ......

My Younger Man(Complete)Where stories live. Discover now