နှစ်ယောက်သားmovie ပြီးတော့ မျက်ရည်က တရွှဲရွှဲ ဇာတ်သိမ်းခံမှာတောင် အဓိက ဇာတ်ဆောင်နှစ်ယောက် ဇာတ်လမ်းကမလှမပ ဆုံးစည်းခြင်းမရှိ ပေါင်းစည်းခြင်းမရှိ ပျော်ရွင်ခြင်းမရှိ အဓိက အမျိုးသမီး ဇာတ်ဆောင်က အခြားသူတစ်ယောက်နဲ့ လက်ထပ်သွားပြီး အမျိုးသားဇာတ်ဆောင်က ဇာတ်နာရတာမျိုး ဘာကိုယဘယ်လိုဝမ်းနည်းသွားလဲ မသိ ရုပ်ရှင်ကြည့်ရင် တစ်ခါမှမငိုခဲ့ဖူးပါဘူး ဒါနဲ့ကျမှ ရှိုက်တောင် ရှိုက်မိတဲ့ Perth ကိုကို ကလည်း ငိုနေတာယမျက်လုံးတွေ မို့ဖောင်းလို့
"အရမ်းမငိုနေနဲ့လေ ဒါကဇာတ်လမ်းသက်သက်ပါ ကိုကို ရာလာမောင်တို့ ခေါက်ဆွဲပြုတ်သွားစားကြရအောင်"
"မောင် သိလားယငါရင်ထဲပူပြီးကျန်နေခဲ့တယ်ယခုနက P'Plan ဖုန်းဆက်တာကိုလည်း ငါ့စိတ်ထဲမှာ အိမ်မှာတစ်ခုခုများဖြစ်နေသလားလို့"
မောင်လက်ဆွဲရာ လျှောက်နေပေမဲ့ ငါ့က စိတ်နဲ့ ကိုယ်နဲ့မကပ်သလို စားပွဲလေးပေါ်ထိုင်ပြီးသည်နှင့် မျက်နှာ လက်လေးနဲ့ ပင့်ကာယအတွေးတွေထဲ နစ်မြှုပ်နေဆဲ ငါကြောက်တယ်မောင် အိမ်မှာ အဆင်မှပြေကြရဲ့လားလို့
-----------------------------------------------------------
"ဖေဖေ ရော ကိုကို ရော ခရီးသွားတာအသိမပေးဘဲ လေ အခုဖုန်းလည်းမဆက်ဘူး အဲ့ဒါကြီးကသမီးတော်တော် စိတ်ပူနေပြီ နေမှကောင်းကြရဲ့လား အဆင်မှပြေရဲ့လားပေါ့"
Lourise.က Wheelchair လေးပေါ်ထိုင်ရင်း စိတ်ပူစွာပြောနေတာကြောင့် စားပွဲမှာထိုင်ပြီး စာရင်းတွေနဲ့အလုပ်ရှုပ်နေတဲ့ Plan ကပဲ
"လေးလေးနဲ့ အဆက်အသွယ်ရတယ် မနေ့ကလေ စိတ်မပူနဲ့နော်"
Nice က အပြင်က ပြန်လာပုံပဲ သမီးကို အပေါ်ခန်းမှာပြန်နားဖို့ ပြောပြီး သူကိုယ်တိုင်လိုက်ပို့သည်။ကျွန်တော်လည်း အလုပ်ပဲဆက်လုပ်နေတော့ နောက်တစ်ခေါက် ကျွန်တော့်ရှေ့တည့်တည့်မှာ Nice ကဝင်ထိုင်ပြီး သူ့မျက်လုံးတွေကဝမ်းနည်းရိပ်ယောင်သန်းပြီး ငိုတော့မဲ့အတိုင်းပဲ တလှိုက်လှိုက်ရင်ထဲမှာခံစားရလွန်းလို့ မျက်ရည်မကျဘဲ နှုတ်ခမ်းတွေက အဆက်မပျက်တုန်နေဆဲ
YOU ARE READING
My Younger Man(Complete)