Chapter 13(အမှန်တရား)

923 79 13
                                    

ကျွန်တော် မရောက်ချင်တဲ့ မနက်အချိန်ကိုရောက်လာပြီ ကျွန်တော်ဘာလုပ်ရမလဲ ဘာမှစဉ်းစားလို့မရအောင် ခေါင်းတွေထဲမှာ မူးနောက်နေတာပဲ ကျွန်တော့်ကို ပွေ့ဖတ်ထားတဲ့ လက်တစ်စုံဟာလည်းရှိမနေတော့ဘူး တံခါးဖွင့်သံကြားတာကြောင့် ထပြီးကြည့်တော့ သမီးရယ် Perth ရယ် မနက်စာလာပို့တဲ့ ဝန်ထမ်းတစ်ယောက်ရယ် သူမကတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးပြီးထွက်သွားလေရဲ့ သူမပြင်ဆင်နေတုန်း ကျွန်တော်လည်း သန့်ရှင်းရေးလုပ်ပြီး ထွက်လာခဲ့သည်။

"ဖေဖေ မနက်စာ စားလေ သမီးတော့စားပြီးပြီ ဆေးရောသောက်ပြီးပြီလား"

"ဖေဖေ မသောက်ရသေးဘူး ဒါပေမဲ့သက်သာပါတယ် သမီး ညနေကျရင် ပြန်ရအောင်နော် ဖေဖေ Mae ကို လွမ်းလို့ "

"ဟွန့် ပြန်မှာလားတစ်ပတ်နေမယ်ဆိုပြီး "

"ဖေဖေလည်း နေရတာအဆင်မပြေလို့ပါ နားလည်ပေးပါနော်"

"ဟုတ် ဖေဖေ နေမကောင်းဘူးဆိုရင်တော့အြန်ရမှာပေါ့ မနက်စာစားလေ သမီးထိုင်စောင့်နေမယ် ဖေဖေညတုန်းကလည်းထမင်းမစားဘူး အပြင်လည်းရေထွက်မဆော့ဘူး "

"နောက်တစ်ခေါက်ကျရင် ထပ်လာကြမယ်လေ ဟုတ်ပြီလားဖွားဖွားရော ဖေဖေရော မေမေရော ........."

ရုတ်တရက် ထွက်သွားတဲ့ စကားကိုမထိန်းနိုင်လိုက်ဘူး ချက်ချင်း ငိုချင်စိတ်က လှိုက်ကနည်းမျက်ရည်ကဝဲတတ်လာသည်။သမီးလေးကလည်းခေါင်းလေးအောက်ငုတ်သွားရှာသည်။ဒီအဖေက အလိုက်မသိနဲ့ သမီးကို ငိုအောင်လုပ်မိပြန်ပြီ

"သမီး......lourise ဟိုလေ ဖေဖေက"

"သမီး ရေသွားဆော့တော့မယ် ဖေဖေ တာ့တာ"

ကျွန်တော့်ကိုတောင်မကြည့်ဘဲ အပြင်ကိုပြေးထွက်သွားတဲ့ သမီးကို ဘယ်လို များနှစ်သိမ့်ပေးရမလဲ သမီးနောက်ပြေးလိုက်ခဲ့ရတာ ဖိနပ်တောင်ပါမလာဘူး ခါးအောက်ပိုင်းဒဏ်ရာက တစ်ဆစ်ဆစ်နဲ့ စပ်နေတာကြောင့် ဒူးကလည်း ပြေးချင်တိုင်းပြေးလို့မရအောင်ချောင်ကျနေသည်။

"ကျွန်တော့် ကျောပေါ်တတ်"

အရှေ့မှာ ဒူးထောက် ပြီး သူ့ကျောပေါ်တတ်ဖို့ပြောနေတဲ့ Saint ကို လျစ်လျူရှုပြီး သမီးဆီကို ပြေးလိုက်ဖို့ပဲတွေးနေမိတယ် ကျွန်တော်သိတယ် သမီးလေးငိုနေတော့မှာ

My Younger Man(Complete)Where stories live. Discover now