Chapter 21(‌မောင်နဲ့အတူ)

859 78 20
                                    

နံနက်မိုးလင်းသည်နှင့် ကျွန်တော် ကိုကို့ ကိုရေချိုးပေးပြီး မနက်စာအတွက်ပြင်ဆင်ပေးသည်။အဝတ်အစားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ရယ် ပြီးတော့ ဆေးတစ်ချို့ရယ် Luggage ထဲထည့်ပြီး ကိုကို့ ကို ဘာမှ မပြောသေးဘဲ Condo လော့ချပြီး မနေ့ညက ကော်ဖီဆိုင်က ကားကို သွားထုတ်ကာ Lover seat မှာထိုင်ကာ ကျွန်တော် ကိုယ်တိုင် ခါးပတ်ပတ်ပြီးသည်နှင့် စတင်မောင်းနှင်လာခဲ့သည်။

"မောင် ငါဒီနေ့ လုပ်ရတာဆိုလို့ အသက်ရှူတာပဲရှိသေးတယ် မောင်ပဲ မျက်နှာသစ်ပေးလိုက် ရေချိုးပေးလိုက် မုန့်ခွံ့ကျွေးလိုက် နဲ့ ဘာဖြစ်နေတာလဲ အခုကားထဲဝင်တာတောင်မောင့် အကူအညီနဲ့"

"မောင်တို့ ဘယ်သူ့မှ မသိမောင် ထွက်ပြေးလာကြတာလေ"

"မောင် မနောက်နဲ့နော် အခုက ဘယ်သွားမှာလဲ"

"ချင်းမိုင် "

သီချင်ဖွင့်ပြီး ကိုကိုက ကျွန်တော် အိပ်မငိုက်အောင်စကားတွေပြောလိုက်ဟာသတွေပြောပြလိုက်နှင့် မနက်အစောကြီး ထထွက်လာတာမို့ အိပ်ချင်သေးတာတော့ အမှန်ပဲ

"ချင်းမိုင်မှာ က အိမ်ရှိတာလား မောင်"

"အင်း အကြီးကြီးတော့မဟုတ်ဘူး တစ်ထပ်အိမ်လေးပဲ နှင်းဆီခင်းထဲမှာ "

"What that နှင်းဆီခင်းကြီးထဲမှာ ဟုတ်လားမောင် ဝိုး မရောက်သေးဘူးလား ငါတကယ်ရင်ခုန်နေပြီ သိလား"

"မောင့် ရဲ့ နှင်းဆီဖြူလေး အတွက် သေချာစီစဉ်ထားတာ သိပ်မလိုတော့ဘူး"

မြို့ထဲဝင်လာသည်နှင့်ထမင်းဆိုင်လေး တစ်ဆိုင်မှာ နေ့လည်စာဝင်စားပြီး ခရီးဆက်ခဲ့ကြသည်။

ခဏအကြာ ခြံဝန်းထဲစဝင်လာသည်နှင့် နှင်းဆီခင်းကြီးက မျက်စိတစ်ဆုံးပဲ တိုက်ပုသေးသေးလေးကို လည်း ခြံဝန်းပတ်ပတ်လည်မှာ ပုံနှိပ်ပန်းအချို့ရဲ့ အနွယ်တတ်နေသည်မို့ ကြည့်လို့ကောင်းလှသည်။အဖြူအစိမ်းက လွဲလို့ Saint, ရဲ့ကားအနီရောင်လေးပဲ ထိုခြံထဲမှာ ရှိနေသည်။

"မွှေးနေတာပဲ "

"မောင် နဲ့အတူ နေမှာ မလားဟင်"

"အကြာကြီးတော့မရဘူးမောင် ငါ့မိသားစုလေးနဲ့ ခွဲနေဖို့ ငါ့အတွက်ခက်ခဲတယ်လေ "

My Younger Man(Complete)Donde viven las historias. Descúbrelo ahora