Chapter 7(မေ့မရနိုင်သော)

909 89 11
                                    

Mean နဲ့အတူ ကျွန်တော်ရဲ့ အမှတ်တရအိမ်လေးထဲကို ဝင်လာခဲ့ကြသည်။အဲ့နေက အိမ်ကိုပြန်မလာဘဲ Mae ဆီကို သွားခဲ့ရတာလေ Mean ကို အိမ်တံခါးတွေသော့ခတ်ခိုင်းရုံ ကလွဲပြီး ဘာမှတောင် သေချာမသိမ်းခဲ့ဘူး
ထိုင်ခုံတွေမှာပေနေတဲ့ ဖုန်တွေကို သေချာသုတ်ပြီး Mean က ခဏထိုင်စောင့်ခိုင်းထားသည်။"မ" နဲ့ ကျွန်တော်ရဲ့ လက်ထပ်စာချုပ်လေးကို မှတ်မှတ်ရရ စားပွဲပေါ်မှာတင်ထားခဲ့သည်မို့လေ အခန်းတံခါးကသော့မခတ်ထားသည်လား တစ်ယောက်ယောက်ဖွင့်ထားသည်လားမသေချာဘူး ကျွန်တော်နဲ့ "မ"ရဲ့မင်္ဂလာအခန်းလေးက သန့်ရှင်းသပ်ရပ်နေဆဲ မဖြစ်နိုင်တာကြီး ဖုန်တစ်စက်တောင် မရှိဘူး

မှတ်မှတ်ရရ သမီးလေးကို ကျောင်းပို့ပြီးမှ လျှော်မယ်ဆိုပြီး ထားခဲ့တဲ့ အဝတ်တွေကလည်း ဗီရိုထဲမှာ လျှော်ဖွတ်သိမ်းဆည်းထားသည်။

""မ"  လားဟင် ဒီအိမ်လေးကို တော့ "မ" လွမ်းနေခဲ့တာလား *sob* ဒါနဲ့များမရာ ဘာလို့ များ သူများနဲ့ လက်ထပ်ခဲ့တာလဲ ဘာလို့ များ ဟင့် ကျွန်တော်တို့သားဖကို ထားခဲ့ရက်တာလဲ ဟင် ”

ဟုတ်ပါတယ် "မ" အမြဲတမ်းဒီအခန်းလေးကို သန့်ရှင်းရေး လာလုပ်နေတာ ကျွန်တော်ခံစားမိနေတယ် ။မျက်ဝန်းထဲက မျက်ရည်ပူတွေ စီးကျလာပြီး "မ" နဲ့ အတူအိပ်ခဲ့ဖူးတဲ့ ကုတင်လေးပေါ် ထိုင်ချရင်း ငို မိပြန်သည်။ "မ" ကျွန်တော့်ကို ကလဲ့စားချေဖို့အတွက်လုံးပန်းခဲ့ပေမဲ့ "မ" ကျွန်တော့်ကို နည်းနည်းလေးတော့ ချစ်ခဲ့တယ်မလား ဟင် ၇ နှစ်လုံးလုံး ကျွန်တော် လွမ်းနေတုန်းပဲ

အံစွဲလေးဖွင့်ကြည့်တော့ နေရာတကျဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ လက်ထပ်စာချုပ်လေး "မ" က စည်းစနစ်ကြီးတဲ့ မိန်းမတစ်ယောက်လေ ဗရမ်းဗဒါ ကောင်လေးဆိုပြီး သူစိတ်ဆိုးတဲ့ အခါတိုင်း ခေါင်းခေါက်ပြီးပြောဖူးတယ်
လက်ထပ်စာချုပ်လေးကို ကိုင်ပြီး Mean ရှိရာကို ထွက်လာခဲ့လိုက်သည်။ဒီစာချုပ်လေး က အမှတ်တရများစွားထဲက အမှတ်တရလေးမို့လေ "မ"သိလား ကျွန်တော်တို့ရဲ့ လက်ထပ်လက်စွပ်လေးကို ကျွန်တော် ဝတ်ထားတုန်းပဲ

"Mean ငါ့ကို အမှန်တိုင်းပြော အိမ်ကို အိမ်ကို "မ" အမြဲလာတယ်မလား မှန်မှန်ဖြေနော် Mean"

My Younger Man(Complete)Where stories live. Discover now