Chapter 14(ဆုံစည်းရာရာ)

852 77 18
                                    

ဧည့်ခန်းမှာ သုံးယောက်စာ ထိုင်ခုံမှာ Maeနဲ့  Lourise က ထိုင်နေပြီး နှစ်ယောက်ထိုင်ခုံမှာ အကိုကနေရာယူထားသည်။Nice နဲ့ကျွန်တော်နဲ့ က တစ်ယောက် ခုံမှာ ထိုင်နေကြပြီး အားလုံးက မျက်နှာချင်းဆိုင်လျှက်

"Mae သမီးရှင်းပြလိုက်ပါ့ မယ် "

Mae ကခေါင်းငြိတ်ပြတော့ ကျွန်တော် "မ"  ကိုပဲစိုက်ကြည့်နေမိသည်။ဘာများလဲ "မ"ယနဲ့ Mae ကြားမှာဘာတွေရှိနေတာလဲဟင်

"Nice, Perth Pow နဲ့ လက်ထပ်ခဲ့ရတဲ့အကြောင်းအရင်းပါမောင် Perth အထင်လွဲနေတာလည်း Nice ရှင်းပြချင်တယ်"

(Flash back)

Counter မှာလူအရမ်းကျ နေတာကြောင့် Nice မှာ ချွေးတွေ ရွှဲလို့ ပူအိုက်လွန်းတာကြောင့် mask  ကိုချွတ်ပြစ်လိုက်ပြီး အမှိုက်ပုံးထဲတန်းထည့်လိုက်သည်။အဲ့အချိန်မှာ နောက်ဆုံးတန်းစီနေတဲ့ လူအလှည့်ရောက်ခဲ့သည်။ကဒ်ကိုပေးသလိုနဲ့ သူမလက်ကို ကိုင်ပြီး အသားယူနေတဲ့ အမျိုးသားကြောင့် သူမအော်ပစ်လိုက်ချင်ပေမဲ့ ဈေးဝယ်သူမို့ ပြုံးသာပြလိုက်သည်။သူမဝာဝန်တွေ ပြီးသည်နှင့် အိမ်ပြန်ဖို့ မောင်လာကြိုမည်ကို but stop မှာ စောင့်နေခဲ့သည်။

"မောင်က လည်းဒီနေ့ကျမှနောက်ကျလိုက်တာ"

သူမလက်ထဲက Ph contact က မောင်❤️ ဆိုတာလေးကိုနှိပ်တော့လည်း ဖုန်းကဝင်ပေမဲ့မကိုင်ဘူး သူမပြန်လို့ မောင်နဲ့ လွဲသွားမှာစိုးတာကြောင့် ထိုင်  စောင့်နေလိုက်သည်။

"Nice လား အကိုကြီး လိုက်ပို့ပေးရမလား ည တောင် တော်တော်မိုးချုပ်တော့မယ်"

ကားအနက်ရောင် ကြီး‌ပေါ်က  ခုနက လက်ကို လာကိုင်တဲ့ အမျိုးသား အခုလို ရစ်သီရစ်သီလာလုပ်နေတာ မောင်သိရင် စိတ်မကောင်းဖြစ်ဦးမယ်

"ကျွန်မ ယောက်ျားလည်းရှိတယ် သမီးလေးလည်းရှိတယ် ကျွန်မက အပျိုမဟုတ်ဘူးရှင့် ရှင်ဒီလောက်နဲ့ ပြန်လိုက်ပါတော့"

သူ့ကိုပြောပြီးသည်နှင့် လှည့်ထွက်လာတော့ သူက ကားပေါ်က ဆင်းလာပြီး ကျွန်မလက်ကို အတင်းလိုက်ဆွဲသည်။

"ကိုယ်လည်း ဇနီးရှိတယ် သားလည်းရှိတယ် ဘဝတူတွေပဲမလား  Om Sukumpantannasan တဲ့ ဒါက အကိုကြီးရဲ့ကဒ်"

My Younger Man(Complete)Where stories live. Discover now