Chapter 17(အခက်အခဲတွေ ကြားထဲ)

891 74 14
                                    

P'Nice ချိန်းသည့်နေရာကို ကိုကို့ ကို အိမ်ပြန်ပို့ပေးပြီး အသိမပေးပဲ ထွက်လာခဲ့လိုက်သည်။နေ့လည်က မြင်ကွင်းကိုတွေ့ပြီး P'Nice လည်းရှော့ခ်ရသွားမှာပဲလေ

"N' ဟိုလေ P' ကိုတစ်မျိုးမထင်ပါနဲ့နော် P' သိချင်တာလေးတွေရိလို့ P' ကမောင့်ကို မယုံတာမဟုတ်ဘူးနော် သူ့ရဲ့ ဇနီးတစ်ယောက်အနေနဲ့ သံသယဝင်ခွင့်ရှိတယ်မလား အဲ့ဒါလေ မနေ့ညက company မှာ Over Time ရှိတာကလေ တကယ်လား P' တွေ့လိုက်တယ် သူ့လည်ပင်းက marking တွေကို"

"P' နဲ့ ကို.....အကိုက ကွာရှင်းပြီးသားလေ P' ကသူ့ဇနီးမဟုတ်တော့ဘူးနော်"

ကျွန်တော့် ပါးစပ်ကဘယ်တော့မှ မထိန်းချုပ်နိုင်ဘူး အခုလည်း လွှတ်ကနဲထွက်မိသွားပြန်ပြီ

"ဟို ကျွန်တော်ပြောချင်တာက"

"P' သေချာပေါက် မောင့်ကို အရမ်းချစ်တာပါ P' အရင်က အမှားတွေ အတွက် ၇ နှစ်လုံးလုံးပေးဆပ်ပြီးပြီ *sob* မောင့်အချစ်တွေ ပြန်လိုချင်တယ်သမီးလေးနဲ့လည်း ပျော်ပျော်နေချင်တယ် P' ကို မောင်ကခွင့်လွှတ်ပေးပြီး အရင်လို ပြန်နေမယ်လို့ P' ယုံနေတုန်းမို့လို့"

"ဟုတ်"

"P' ကိုပြောပြပါနော် "

"မနေ့က တကယ် over time ရှိတာပါ ဝါယာ ကြိုးတွေ လျှပ်စစ်မစီးလို့ ညတွင်းချင်းပြန်စစ်နေရတာ အကို့ လည်ပင်းက ရေနွေးစင်သွားတာပါ ....."

တုန်ရီနေတဲ့ အသံတစ်ချို့နဲ့လှလှပပလေးသာ ကျွန်တော်လိမ်ခဲ့မိလိုက်တယ် အကို့ကို ချစ်ဖို့ လူတွေကို လိမ်နေရမှာလားဟင်

"ဒီည တော့အားပါတယ် အကို့ကိုလည်းအိမ်ပြန်ပို့လိုက်ပြီ ကျွန်တော်ပြန်တော့မယ်နော်ယနည်းနည်းပင်ပန်းနေလို့"

သူမ ဘာဆက်ပြောလဲ အင်းလား ဒါမှမဟုတ် ခဏနေပါဦးလား ကျွန်တော်ဘာမှ မသိဘူး ကျွန်တော်သိတာက မျက်ရည်တွေ သူမရှေ့မှာကျမလာဖို့ပဲ ဒီည အကိုနဲ့တွေ့ဖို့သတ္တိမရှိဘူး ကျွန်တော်ကိုယ်တိုင်ကသူများမိသားစုကို ဖြိုခွဲပြီးမှ ပျော်နေရတာမျိုးလား ဟင့်အင်း ဒီလိုမျိုးအချစ်ကို ကျွန်တော်ကိုယ်တိုင်ကလည်း မနှစ်မြို့ဘူး ဘာလုပ်ရမလဲ အကို့ကိုလက် လွှတ်လိုက်ဖို့အထိ သတ္တိမရှိပြန်ဘူး ကျွန်တော်ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ

My Younger Man(Complete)Where stories live. Discover now