3.
(Unicode)
ကျွန်တော့်အလုပ်ချိန်က မမှန်ဘူးဗျ။ ခင်ဗျားတို့ ကျွန်တော့်ကို ပြောဖို့မသင့်တဲ့ အလုပ်မျိုးလုပ်နေတယ်လို့ ဘာလို့ထင်နေတာတုန်း။
ကျွန်တော်က အလွတ်စုံထောက်။ ကျွန်တော့် ချစ်သူက ရှေ့နေ။
ကျွန်တော့်ဝင်ငွေကတော့ အတည်တကျမရှိဘူး။ ကျွန်တော်လက်ခံတဲ့အလုပ်က တစ်ဖက်သူအပေါ်မူတည်တယ်။ လူတွေကို သမရိုးကျစုံစမ်းစစ်ဆေးတာကလွဲလို့ တခြားဘယ်လိုအလုပ်တွေလုပ်တယ်ဆိုတာ ခင်ဗျားတို့တွေ ခန့်မှန်းနိုင်မှာတောင်မဟုတ်ဘူး။
ကျွန်တော်လေ တချို့အမှုသည်တွေက သူ့တို့ဦးနှောက်အလွှာတွေကို တိုက်ချွတ်ထားသလားလို့တောင် ထင်မိတယ်။
ဥပမာတစ်ခုပြောပြမယ်။
တစ်ခါက ကျွန်တော် သံသယရှိသူတစ်ဦးကို ရှာရတယ်၊ ပြီးတော့ တစ်ပတ်လောက် အိမ်လည်းမပြန်ရ ရေလည်းမချိုးရနဲ့ တော်တော်လေးပင်ပန်းခဲ့ရတာဗျာ။ နောက်ဆုံးကျတော့ ကျွန်တော့်အမှုသည်ကပြောတာ.. သူဝတ္ထုရေးနေရင်း အကြံကုန်သွားလို့ ဇာတ်လမ်းဆင်တာပါတဲ့။
မိုးမေလင်းလိုက်...
ဒါပေမဲ့လည်း သူကလစာပေးတယ်လေ။ ပိုက်ဆံပေးရင် ဘယ်သူမဆို ဘုရားသခင်ပဲပေါ့ဗျာ။
ယှဥ်ပြောရရင် ကျွန်တော့်ချစ်သူက ဝင်ငွေအတည်တကျရှိတယ်။ သူအရင်က ခက်ခဲရုန်းကန်ခဲ့ရပေမဲ့ အခုထိတောင် အလုပ်ကြိုးစားတုန်း။ တစ်ခါကဆို ကျွန်တော် သူ့သူငယ်ချင်းနဲ့ ဆုံဖူးတယ်၊ ဒါတွေက အဲ့ဒီလူပြောပြတာတွေလေ။ ပြီးတော့ ကျွန်တော်နားမလည်နိုင်တာက သူ ဘာလို့ အမှုတွေအများကြီး လက်ခံတာလဲပေါ့။ ကျွန်တော်တို့ နှစ်ယောက်ဝင်ငွေပေါင်းလိုက်ရင် သုံးဖို့တင်မကဘူး ပိုတောင်ပိုလျှံနေသေး။
မနက်မှာ သေလောက်အောင်အလုပ်ကြိုးစားနေကြမှတော့ ညမှာ ပြင်းပြတဲ့ကိစ္စလေးတွေလုပ်ဖို့ ဘယ်လိုလုပ်အားရှိတော့မှာလဲ။
အတူနေလာတာ တစ်နှစ်လောက်ရှိတာတောင် ဘာလို့များ ဘာမှမဖြစ်သလဲဆိုတာ ကျွန်တော် တကယ်ပဲ နားမလည်တော့ဘူးဗျာ။
(Zawgyi)
ကြၽန္ေတာ့္အလုပ္ခ်ိန္က မမွန္ဘူးဗ်။ ခင္ဗ်ားတို႔ ကြၽန္ေတာ့္ကို ေျပာဖို႔မသင့္တဲ့ အလုပ္မ်ိဳးလုပ္ေနတယ္လို႔ ဘာလို႔ထင္ေနတာတုန္း။
ကြၽန္ေတာ္က အလြတ္စုံေထာက္။ ကြၽန္ေတာ့္ ခ်စ္သူက ေရွ႕ေန။
ကြၽန္ေတာ့္ဝင္ေငြကေတာ့ အတည္တက်မရွိဘူး။ ကြၽန္ေတာ္လက္ခံတဲ့အလုပ္က တစ္ဖက္သူအေပၚမူတည္တယ္။ လူေတြကို သမရိုးက်စဳံစမ္းစစ္ေဆးတာကလြဲလို႔ တျခားဘယ္လိုအလုပ္ေတြလုပ္တယ္ဆိုတာ ခင္ဗ်ားတို႔ေတြ ခန့္မွန္းနိုင္မွာေတာင္မဟုတ္ဘူး။
ကြၽန္ေတာ္ေလ တခ်ိဳ႕အမႈသည္ေတြက သူ႕တို႔ဦးႏွောက္အလႊာေတြကို တိုက္ခြၽတ္ထားသလားလို႔ေတာင္ ထင္မိတယ္။
ဥပမာတစ္ခုေျပာျပမယ္။
တစ္ခါက ကြၽန္ေတာ္ သံသယရွိသူတစ္ဦးကို ရွာရတယ္၊ ၿပီးေတာ့ တစ္ပတ္ေလာက္ အိမ္လည္းမျပန္ရ ေရလည္းမခ်ိဳးရနဲ႕ ေတာ္ေတာ္ေလးပင္ပန္းခဲ့ရတာဗ်ာ။ ေနာက္ဆုံးက်ေတာ့ ကြၽန္ေတာ့္အမႈသည္ကေျပာတာ.. သူဝတၳဳေရးေနရင္း အႀကံကုန္သြားလို႔ ဇာတ္လမ္းဆင္တာပါတဲ့။
မိုးေမလင္းလိုက္...
ဒါေပမဲ့လည္း သူကလစာေပးတယ္ေလ။ ပိုက္ဆံေပးရင္ ဘယ္သူမဆို ဘုရားသခင္ပဲေပါ့ဗ်ာ။
ယွဥ္ေျပာရရင္ ကြၽန္ေတာ့္ခ်စ္သူက ဝင္ေငြအတည္တက်ရွိတယ္။ သူအရင္က ခက္ခဲ႐ုန္းကန္ခဲ့ရေပမဲ့ အခုထိေတာင္ အလုပ္ႀကိဳးစားတုန္း။ တစ္ခါကဆို ကြၽန္ေတာ္ သူ႕သူငယ္ခ်င္းနဲ႕ ဆုံဖူးတယ္၊ ဒါေတြက အဲ့ဒီလူေျပာျပတာေတြေလ။ ၿပီးေတာ့ ကြၽန္ေတာ္နားမလည္နိုင္တာက သူ ဘာလို႔ အမႈေတြအမ်ားႀကီး လက္ခံတာလဲေပါ့။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ဝင္ေငြေပါင္းလိုက္ရင္ သုံးဖို႔တင္မကဘူး ပိုေတာင္ပိုလွ်ံေနေသး။
မနက္မွာ ေသေလာက္ေအာင္အလုပ္ႀကိဳးစားေနၾကမွေတာ့ ညမွာ ျပင္းျပတဲ့ကိစၥေလးေတြလုပ္ဖို႔ ဘယ္လိုလုပ္အားရွိေတာ့မွာလဲ။
အတူေနလာတာ တစ္ႏွစ္ေလာက္ရွိတာေတာင္ ဘာလို႔မ်ား ဘာမွမျဖစ္သလဲဆိုတာ ကြၽန္ေတာ္ တကယ္ပဲ နားမလည္ေတာ့ဘူးဗ်ာ။
YOU ARE READING
ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]
Humorဘယ်လိုရောဂါမျိုးလည်းဆိုတာ ပြောရမှာနည်းနည်းရှက်မိပေမယ့်၊ ကျွန်တော့်ချစ်သူနေမကောင်းဘူးထင်တယ်။ Author: Yi Zhi Da Yan Chapters: 68 + 15 extras Translatorဆီမှ ခွင့်ပြုချက်ရပြီးဖြစ်ပါသည်။