5.
(Unicode)
ခင်ဗျားတို့တွေက ကျွန်တော့်ဘက်က လုံလုံလောက်လောက် မကြိုးစားတာလို့ ဘာလို့ထင်ကြတာတုန်း။
အများကြီး ကြိုးစားတာပေါ့။ ကျွန်တော့်လို ကိုယ့်ဘက်က စတင်လုပ်ရတာမျိုးကို မကြိုက်တဲ့သူတစ်ယောက်အနေနဲ့ တကယ်ကြီး ကြိုးစားခဲ့တာပေါ့ဗျာ။
ကျွန်တော့်ကို လုံလုံလောက်လောက် မကြိုးစားဘူးလို့ ပြောနေကြတဲ့သူတွေအကုန် ကျွန်တော့်ချစ်သူလိုကောင်လေးမျိုးမှ မရှိကြတာ။
ညစာစားပြီးရင် အတည်ပေါက်ကြီး တယောထိုးတဲ့သူမျိုးပေါ့။
ကျွန်တော်လေ တစ်ခါက ရေချိုး၊ ညအိပ်ဝတ်စုံလဲ၊ ကော်လံကို ခပ်ဟဟဖွင့်၊ ဆိုဖာပေါ် အိပ်ချင်ယောင်ဆောင်ပြီး သူ့ကို အခွင့်အရေးပေးဖူးတယ်လေ!!!
အဲဒီနောက် သူ ကျွန်တော့်မျက်နှာပေါ် ပန်းပွင့်ပုံဆွဲသွားတာဗျ!
ထားပါတော့ သူ ကျွန်တော့်မျက်နှာပေါ်ပုံဆွဲနေတာကို သိလိုက်ပါတယ်။ ဒါပေမဲ့ အဲဒါပြီးတော့ ကျွန်တော်လည်း အိပ်ပျော်သွားရော။
ကျွန်တော် တကယ်ကြီး ပင်ပန်းနေလို့ပါဗျာ။
နောက်နေ့ ကျွန်တော့်မျက်နှာပေါ်က တောင်ခြစ်မြောက်ခြစ်တွေပြပြီး ဒါ ဘာသောက်ကျိုးနည်းတွေလဲလို့မေးလိုက်တယ်။
သူကပြောတယ် : အွန်း..ကိုယ်မင်းကိုပန်းပေးတာလေ။
ဟီးဟီး
.
နောက်ထပ်ဥပမာတစ်ခုက အဲဒီနွေရာသီတုန်းကပေါ့ ကျွန်တော့်အခန်းက အဲယားကွန်းကို တမင်သက်သက်ဖျက်၊ အဲဒါကိုအကြောင်းပြပြီး သူ့အခန်းမှာ သွားအိပ်လိုက်တာ။
နွေရာသီလေ..ကျွန်တော်တို့နှစ်ယောက်လုံး ပါးပါးလေးတွေဝတ်ထားကြတာ။ သူနဲ့ နည်းနည်းပါးပါး ထိမိပွတ်မိရင် တစ်ခုခုတော့ ဖြစ်လာနိုင်တယ်မဟုတ်လား။
သူကပြောတယ် : မင်းဒီမှာခဏအိပ်လိုက်အုံး။
နောက်ပြီးတော့ ထွက်သွားတယ်။
အတွေးမလွန်ကြပါနဲ့အုံး။ အဲ့ဒါက ရေချိုးသွားတာ၊ ဒါမှမဟုတ် အောက်ထပ်ဆင်းပြီး အဟမ်း.. လိုအပ်တဲ့ ပစ္စည်းတစ်စုံတရာ သွားဝယ်တာမျိုး မဟုတ်ရပါဘူး။
![](https://img.wattpad.com/cover/246640206-288-k452887.jpg)
ESTÁS LEYENDO
ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]
Humorဘယ်လိုရောဂါမျိုးလည်းဆိုတာ ပြောရမှာနည်းနည်းရှက်မိပေမယ့်၊ ကျွန်တော့်ချစ်သူနေမကောင်းဘူးထင်တယ်။ Author: Yi Zhi Da Yan Chapters: 68 + 15 extras Translatorဆီမှ ခွင့်ပြုချက်ရပြီးဖြစ်ပါသည်။