24 (U/Z)

11.8K 1.9K 3
                                    

24.

(Unicode)

ဒီရက်ပိုင်းမှာ အတော်ကို အလုပ်များတာပဲ။

ကျွန်တော့်ချစ်သူလည်း အလုပ်ရှုပ်လွန်းလို့ ပျာယာကိုခတ်နေရောပဲ၊ နေ့တိုင်းလိုလို မနက်စောစောအိမ်ကထွက်ပြီး ညမိုးချုပ်မှပြန်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း အမှုအသစ်ထပ်ရတယ်၊ အမှုသည်က ကျွန်တော်နဲ့ဆုံဖို့ ကျွန်တော့်ချစ်သူရုံးနားက ကော်ဖီဆိုင်မှာ ချိန်းခဲ့တာ။ အချိန်ကလည်း နေ့လယ်စာစားခါနီးလေးပေါ့၊ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့်ချစ်သူဆီဖုန်းခေါ်ပြီး အစားအစာတစ်ခုခု ယူလာပေးရမလားလို့ မေးလိုက်တယ်။

ဒီတစ်ခေါက်အမှုသည်က တော်တော်လေး ပိုက်ဆံရှိတဲ့လူပေါ်ကြော့တစ်ယောက်ဖြစ်တဲ့ပုံပဲ၊ သူက တော်တော်လေးကို စိုးရိမ်ပူပန်သောကရောက်နေရှာတာ။ နှစ်ပေါင်းများစွာကြာအောင် ဒီအလုပ်လုပ်လာတဲ့အတွေ့အကြုံအရ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက အိမ်ထောင်ရေးဖောက်ပြန်တဲ့အမှုအတွက် စုံစမ်းဖို့ဖြစ်မယ်ဆိုတာ သိလိုက်တာပေါ့။

.  

ကျွန်တော့်အမှုသည်က သူ့ချစ်သူက ဖောက်ပြန်နေတယ်လို့ သံသယရှိတဲ့အတွက် ကျွန်တော့်ကို သက်သေရှာပေးနိုင်မလားလို့ပြောလာခဲ့တယ်။

ဟင်း... လူချမ်းသာတွေဟာလေ.. တကယ်ပဲ ပြသနာကို မီးထွန်းရှာနိုင်လိုက်ကြတာများ။

သူက​ပြောတယ်၊ သူတို့နှစ်ယောက်က တစ်ဦးပေါ်တစ်ဦးသိပ်ချစ်ကြတာ..။

အိုး..

ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ လုံးဝထင်မထားဘူး..။

အိုး..

သူ့ချစ်သူက ဒီနားတဝိုက်မှာပဲ အလုပ်လုပ်တာ..။

အိုး..

သူ့ချစ်သူက ဒီအနီးနားက ရှေ့နေရုံးက မန်နေဂျာ..။

အိုး..

.  

.....ဝှက်သယ်ဖက်??? မင်းမေလခွမ်း!!

သောက်ကျိုးနည်း လာနောက်နေတာလားဟ!!!

.

ဟုတ်ပြီ.. အခုမေးချင်တာက တော်တော်လေးအရေးကြီးတယ်ဗျ။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora