31.
(Unicode)
ရက်အတန်ကြာအောင် ကျွန်တော်လည်း ကျွန်တော့်ချစ်သူရဲ့ဘောစ့်နောက်ကို လိုက်ခဲ့တယ်။
သူ့ရဲ့နေ့စဥ်အချိန်ဇယားက အိုဗာတိုင်ဆင်းတယ်၊ ညစာစားတယ်၊ အိမ်ပြန်တယ်၊ ဒါလောက်ပဲ။ ဖောက်ပြန်ဖို့နေနေသာသာ အတွင်းခံကြော်ငြာတွေထဲကလို ဘော်ဒီလှလှနဲ့ကောင်လေးတွေ လမ်းမေးရင်တောင် နှစ်ခေါက်ပြန်လှည့်ကြည့်တာမဟုတ်ဘူး!
ဒီတလောအတွင်း ထူးထူးဆန်းဆန်းလုပ်တာဆိုလို့ ပန်းဆိုင်ကပန်းစည်းတစ်စည်းဝယ်ပြီး ကျွန်တော့်အမှုသည်ဆီပို့တာပဲ။
သူ့လို ကောင်းမွန်တဲ့ချစ်သူတစ်ယောက် နောက်ထပ်ရှိအုံးမလား!
ကျွန်တော်တော့ ကျွန်တော့်အမှုသည်က အိမ်ထောင်ရေးဖောက်ပြန်တဲ့အချစ်ကားတွေကြည့်တာများပြီး လျှောက်ပြီးအတွေးလွန်နေတယ်လို့ထင်တာပဲ။
.
နောက်ဆုံးကျ ကျွန်တော်လည်း ရှာလို့ရသမျှအချက်အလက်တွေကို ကျွန်တော့်အမှုသည်ဆီဖုန်းခေါ်ပြီးသတင်းပို့ခဲ့ပေမဲ့ ကျွန်တော့်အမှုသည်က မယုံဘူးဗျ။
သူက အဲဒီဘောစ့်နဲ့ ရုံးကအဲ့ဒီရှေ့နေနဲ့ တွဲနေကြတယ်လို့ပဲတစ်ထစ်ချယုံပြီး ကျွန်တော့်ကို အဲဒီရှေ့နေနဲ့ ဘောစ့်နောက်ကို တစ်ပြိုင်တည်း နောက်ယောက်ခံလိုက်စေချင်နေတာ။
ဒီအမှုသည် ငါ့ကိုလာကစားနေတာလား? လူနှစ်ယောက်ကို တစ်ချိန်တည်းမှာ ဘယ်လိုလုပ်ပြီး နောက်ယောင်ခံလိုက်လို့ရမလဲဟ!
ငါလေး Shadow Clone Jutsu သုံးတာ ကြည့်ချင်လို့လား?
ကျွန်တော့်အမှုသည်က ဖုန်းထဲကနေ အထက်စီးဆန်ဆန်ပြောလာတယ် : ဂရုမစိုက်ဘူး! မင်းအဲ့ဒီရှေ့နေနောက်လိုက်ရင်လိုက်၊ မလိုက်ရင် ပိုက်ဆံမရဘူး! ဟမ့်!
.
... ကောင်းပြီ။
.
ဒါမျိုးက ဒရာမာကားတွေအကြည့်များတာထက်ကို ဆိုးသွားပြီ၊ ဒါကို ဦးနှောက်ဆဲလ် သေနေတာလို့ခေါ်တယ်။ဆေးခန်းပြေးသင့်နေပြီ။
ဒါပေမဲ့ ပိုက်ဆံပေးတယ်ဆိုမှတော့ ဘုရားသခင်ပဲပေါ့ဗျာ။
ကျွန်တော့်ချစ်သူနောက်ကိုတော့ နောက်ယောင်ခံလိုက်မနေဘူး၊ ဒါကြီးက နှာဘူးကျရာရောက်တယ်လေ၊ ပြီးတော့ သူသိသွားရင် ဒေါသထွက်မှာ။
YOU ARE READING
ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]
Humorဘယ်လိုရောဂါမျိုးလည်းဆိုတာ ပြောရမှာနည်းနည်းရှက်မိပေမယ့်၊ ကျွန်တော့်ချစ်သူနေမကောင်းဘူးထင်တယ်။ Author: Yi Zhi Da Yan Chapters: 68 + 15 extras Translatorဆီမှ ခွင့်ပြုချက်ရပြီးဖြစ်ပါသည်။