36 (U/Z)

11.7K 1.9K 60
                                    

36.

(Unicode)

လူတိုင်းကကျွန်တော့်ကို ကြည့်နေကြတယ်၊ ဟုတ်တာပေါ့ အဲဒီထဲမှာ ကျွန်တော့်ချစ်သူလည်းပါတာပေါ့။

ကံကောင်းထောက်မစွာပဲ ဘားရဲ့အလင်းရောင်ဖျော့ဖျော့လေးကြောင့် သူကျွန်တော့်ကို ဘယ်သူမှန်းသထိမထားမိသေးဘူး။

.

ကျွန်တော်က ကြော့ကြော့မော့မော့ဟန်ပါပါလေး လှည့်ထွက်ဖို့လုပ်လိုက်တယ်။

.

ဘားအစောင့်က ကျွန်တော့်ကိုတားပြီး အလေးအနက်တောင်းပန်ရင်း ကျွန်တော့်ကို ရဲခေါ်ပြီး အဲ့ဒီသောက်အဖျက်ကောင်ကို ရဲစခန်းပို့ချင်သလားလို့မေးခဲ့တယ်။

...ဒီကအစ်ကိုကြီးပြောတာ အတော်လေးသင့်လျော်ပါတယ်၊ လူ့ဘောင်အဖွဲ့အစည်းရဲ့ ကောင်းမွန်တဲ့လူရွယ်တစ်ဦးဖြစ်ထိုက်ပါတယ်။

.

ဒါပေမဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါလားဗျာ!

ကျွန်တော့်ချစ်သူလာနေပြီဗျ!!

ကျွန်တော့်မှာ ထူးထူးဆန်းဆန်းဝါသနာတွေရှိတယ်လို့ သူ့ကို မထင်သွားစေချင်ဘူး!!!

ကျွန်တော်လည်း အသံ tone ကိုမြှင့်လိုက်ပြီး ကျွန်တော့်မှာ လုပ်စရာလေးရှိလို့ အရင်ပြန်တော့မယ်လို့ တံခါးစောင့်အစ်ကိုကြီးကိုပြောလိုက်တယ်။

သူလည်း ကျွန်တော့်ရဲ့အသံသေး​အသံကြောင်ကြောင့်အတော်လေးလန့်သွားပုံရတယ်၊ ကျွန်တော် မော့တော့မော့တော့နဲ့ထွက်လာတာကို ကြောင်အမ်းအမ်းကြီးကြည့်နေခဲ့တယ်။

.

အဲ့ဒီနောက်မှာ ကျွန်တော့်ရဲ့ လေးလက်မဒေါက်မြင့်နဲ့အပြင်ကိုထွက်လိုက်တဲ့အခါ..

ခြေချင်းဝတ်လည်သွားပြီး..

လဲကျသွားတယ်။

.

လူအုပ်ထဲက တစ်စုံတစ်ဦးရဲ့ ရင်ခွင်ထဲကိုပစ်ကျသွားခဲ့တာ။

ကျွန်တော်လည်း ခေါင်းမော့ပြီးကြည့်လိုက်တယ်။

.

...ဟီးဟီး ဒီကအစ်ကိုကြီးကို အတော်လေး ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲနော်။

.

ကျွန်တော့်ချစ်သူ : ...

.

(Zawgyi)

36.



.


.



.






.



လဲကျသွားတယ်။

.



.


.

ကျွန်တော့်ချစ်သူ : ...

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora