44.
(Unicode)
ကျွန်တော့်ချစ်သူဒီလိုပုံစံကြီးနဲ့ဆိုတော့ ကျွန်တော်လည်း တစ်မျိုးကြီးခံစားရတယ်ဗျ။
မင်းတို့လည်းသိမှာပါ အချိန်အကြာကြီး စောင့်ထိန်းလာတဲ့သူတွေက နည်းနည်းလောက်လှုံ့ဆော်လိုက်တာနဲ့ လွယ်လွယ်ကူကူစိတ်ကြွလာတတ်ကြတယ်ဗျ။
ကျွန်တော်ဒီလိုဖြစ်လို့မဖြစ်ဘူး၊ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိတဲ့ ကျွန်တော့်ချစ်သူရှေ့မှာပိုလို့တောင်မဖြစ်သင့်ဘူး၊ သူ့ရဲ့ဖန်သားနုနုနှလုံးသားလေးထိခိုက်သွားလိမ့်မယ်၊ သူစိတ်ကျရောဂါရပြီး၊ အကြီးအကျယ်စိတ်ထိခိုက်သွားပြီး၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်ဆုံးပြီး၊ သူဘယ်တော့မှ ပြန်လည်လန်းဆန်းတက်ကြွမလာနိုင်တော့ဘူးဖြစ်သွားလိမ့်မယ်။
ချစ်သူ : ဒီတစ်ခါရော မင်းခေါင်းထဲဘာတွေတွေးနေတာလဲ?
ကျွန်တော် : ငါမတွေးပါဘူး...
ဘယ်လိုလုပ်အမှန်အတိုင်းပြောနိုင်မှာလဲဟ!
သူ့ကိုသာအမှန်အတိုင်းပြောလိုက်ရင်သူပိုပြီး စိတ်ဓာတ်ကျသွားမှာပေါ့ဗျာ!
.
ချစ်သူ : ကောင်းတယ်၊ မင်းက မစွမ်းဆောင်နိုင်တာမဟုတ်ဘူးပဲ။သေချာပေါက် မဟုတ်ဖူးပေါ့ဟ!!!
မင်းအဲ့ဒါဘာကိုဆိုလိုတာလဲ! ငါစိတ်တိုလာပြီနော်!
အဲ့ဒီနောက် ကျွန်တော်ချစ်သူပြောလိုက်တယ် : မင်းက ကိုယ့်မှာပြသနာရှိနေတယ်လို့ ထင်နေတာမို့လား?
မင်းမှာပြသနာရှိနေတာမဟုတ်ဘူးလား?!
ကျွန်တော့်ချစ်သူ အေးစက်စက်ပြုံးလိုက်ကာ : မင်းတကယ်ပဲ ကိုယ့်မှာပြသနာရှိတယ်လို့ထင်နေတာပဲ။
ကျွန်တော့်ချစ်သူ ဒီနေ့ထူးဆန်းနေတယ်လို့ခံစားနေရတယ် ဘယ်လိုလုပ်ရမလဲ၊ သူမနက်က အစားများမှားလာတာလား? သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းပြီး အရာရာပြည့်စုံတဲ့ မနေ့ကကျွန်တော့်ချစ်သူလေး မဟုတ်တော့ဘူး?
.
...ခဏနေပါအုံး။
တစ်ခုခုတော့ ဖြစ်နေပြီဗျ။
BẠN ĐANG ĐỌC
ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]
Hài hướcဘယ်လိုရောဂါမျိုးလည်းဆိုတာ ပြောရမှာနည်းနည်းရှက်မိပေမယ့်၊ ကျွန်တော့်ချစ်သူနေမကောင်းဘူးထင်တယ်။ Author: Yi Zhi Da Yan Chapters: 68 + 15 extras Translatorဆီမှ ခွင့်ပြုချက်ရပြီးဖြစ်ပါသည်။