28.
(Unicode)
ကျွန်တော်က ကျွန်တော့်ချစ်သူအလုပ်လုပ်တဲ့နေရာနဲ့ သိပ်မစိမ်းဘူးဗျ။
တကယ်တော့ ကျွန်တော်တို့နှစ်ယောက်မတွဲခင်ကတည်းက ဒီကိုခဏခဏရောက်တယ်လေ။ သူ့လုပ်ဖော်ကိုင်ဖက်အများစုကလည်း ကျွန်တော့်ကိုသိကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဆက်ဆံရေးကိုတော့ မသိကြဘူးဗျ။ သူတို့က ကျွန်တော်က ကျွန်တော့်ချစ်သူဆီ စာရွက်စာတမ်းလာပို့တယ်လို့ပဲ ထင်နေကြတာ၊ တချို့ဆို ကျွန်တော်တို့နှစ်ယောက်က ဒီလောက်ရေစက်ပါနေမှတော့ ကွာရှင်းပြတ်ဆဲတဲ့အမှုသီးသန့်ကိုင်တဲ့ စီးပွားရေးတစ်ခုလောက် စပ်တူလုပ်ကြပါလားလို့တောင် စ,ကြသေးတယ်။
ရေစက်လား...ပါတာပေါ့... ခုတင်ပေါ်တက်ဖို့ရေစက်သာ မပါတာ။
ဟင်းး..တွေးကြည့်လိုက်တာနဲ့ ကျွန်တော်...
နိုး! ကျွန်တော့်ချစ်သူ ကာမစိတ်ကုန်နေတဲ့အချက်ကြောင့် စိတ်ညစ်နေလို့မဖြစ်ဘူး!
ကျွန်တော်တို့နှစ်ယောက် တစ်မိုးအောက်မှာအတူနေဖို့ရေစက်ရှိရုံနဲ့တင် လုံလောက်ပြီ!
.
ကိုယ့်ကိုယ်ကိုယ်အားပေးရင်း မျက်ရည်ကျလိုက်တယ်။
.
(Zawgyi)
.
YOU ARE READING
ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]
Humorဘယ်လိုရောဂါမျိုးလည်းဆိုတာ ပြောရမှာနည်းနည်းရှက်မိပေမယ့်၊ ကျွန်တော့်ချစ်သူနေမကောင်းဘူးထင်တယ်။ Author: Yi Zhi Da Yan Chapters: 68 + 15 extras Translatorဆီမှ ခွင့်ပြုချက်ရပြီးဖြစ်ပါသည်။