38.
(Unicode)
ကျွန်တော့်ချစ်သူနဲ့ကျွန်တော် အိမ်ကိုပြန်ရောက်တော့ ထမင်းစားစားပွဲမှာထိုင်နေကြပြီး တစ်ခွန်းမှမပြောဘဲ နှုတ်ဆိတ်နေကြတယ်။
ကျွန်တော်လည်း မဟုတ်တာလုပ်တာမိသွားလို့ ကျောင်းအုပ်ကြီးရုံးခန်းအခေါ်ခံရတဲ့ ကျောင်းသားတစ်ယောက်လိုခံစားလိုက်ရတယ်။
ကျွန်တော့်ချစ်သူက သက်ပြင်းချရင်းဆိုလိုက်တယ် : မင်း... ဟုတ်ပါပြီ။ ကိုယ်နားလည်ပေးလို့ရပါတယ်။
...ဘာရယ်?
ချစ်သူ : မင်းကိုဒီပုံစံမျိုးနဲ့မြင်ရတာ နေသားမကျသေးပေမဲ့... မင်းက ဒီလိုမျိုးကိုသဘောကျတယ်ဆိုတော့လည်း...ကိုယ့်ဘက်က ဖြည်းဖြည်းချင်းလက်ခံပေးလို့ရပါတယ်...
သူငယ်ချင်း ခဏလေးနေပါအုံး မင်းတစ်ခုခုအထင်လွဲမနေဘူးလား?!
ချစ်သူ : ကိုယ် မင်းအဝတ်တွေသွားယူပေးမယ်၊ ကိုယ့်ကိုလက်ခံဖို့အချိန်နည်းနည်းပဲပေး... မင်း ရိုးရိုးအဝတ်လေးပြန်လဲထားလို့ရမလား?
မဟုတ်သေးဘူး...ငါပြောတာ နားထောင်ပါအုံးဟ...မင်းထင်နေသလိုမဟုတ်ဘူးလေ...
ကျွန်တော့်ချစ်သူကို ဘယ်လိုရှင်းပြရမလဲ? စိတ်တွေလည်းညစ်ပါတယ်!
ဒါနဲ့ ကျွန်တော်တစ်ခုခုကို မေ့နေသလိုပဲဗျ။
.
(Zawgyi)
ကြၽန္ေတာ့္ခ်စ္သူနဲ႕ကြၽန္ေတာ္ အိမ္ကိုျပန္ေရာက္ေတာ့ ထမင္းစားစားပြဲမွာထိုင္ေနၾကၿပီး တစ္ခြန္းမွမေျပာဘဲ ႏႈတ္ဆိတ္ေနၾကတယ္။
ကြၽန္ေတာ္လည္း မဟုတ္တာလုပ္တာမိသြားလို႔ ေက်ာင္းအုပ္ႀကီး႐ုံးခန္းအေခၚခံရတဲ့ ေက်ာင္းသားတစ္ေယာက္လိုခံစားလိုက္ရတယ္။
ကြၽန္ေတာ့္ခ်စ္သူက သက္ျပင္းခ်ရင္းဆိုလိုက္တယ္ : မင္း... ဟုတ္ပါၿပီ။ ကိုယ္နားလည္ေပးလို႔ရပါတယ္။
...ဘာရယ္?
ခ်စ္သူ : မင္းကိုဒီပုံစံမ်ိဳးနဲ႕ျမင္ရတာ ေနသားမက်ေသးေပမဲ့... မင္းက ဒီလိုမ်ိဳးကိုသေဘာက်တယ္ဆိုေတာ့လည္း...ကိုယ့္ဘက္က ျဖည္းျဖည္းခ်င္းလက္ခံေပးလို႔ရပါတယ္...
သူငယ္ခ်င္း ခဏေလးေနပါအုံး မင္းတစ္ခုခုအထင္လြဲမေနဘူးလား?!
ခ်စ္သူ : ကိုယ္ မင္းအဝတ္ေတြသြားယူေပးမယ္၊ ကိုယ့္ကိုလက္ခံဖို႔အခ်ိန္နည္းနည္းပဲေပး... မင္း ရိုးရိုးအဝတ္ေလးျပန္လဲထားလို႔ရမလား?
မဟုတ္ေသးဘူး...ငါေျပာတာ နားေထာင္ပါအုံးဟ...မင္းထင္ေနသလိုမဟုတ္ဘူးေလ...
ကြၽန္ေတာ့္ခ်စ္သူကို ဘယ္လိုရွင္းျပရမလဲ? စိတ္ေတြလည္းညစ္ပါတယ္!
ဒါနဲ႕ ကြၽန္ေတာ္တစ္ခုခုကို ေမ့ေနသလိုပဲဗ်။
YOU ARE READING
ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]
Humorဘယ်လိုရောဂါမျိုးလည်းဆိုတာ ပြောရမှာနည်းနည်းရှက်မိပေမယ့်၊ ကျွန်တော့်ချစ်သူနေမကောင်းဘူးထင်တယ်။ Author: Yi Zhi Da Yan Chapters: 68 + 15 extras Translatorဆီမှ ခွင့်ပြုချက်ရပြီးဖြစ်ပါသည်။