10 (U/Z)

14.8K 2.3K 65
                                    

10.

(Unicode)

အိုး.. သူကျွန်တော့်ကို မရိုက်ဘူးဟ။

ခွေးလေးက တော်တော်လေး သနားစရာလေးပါ။ လက်ကလည်း ကျိုးနေသေး၊ ပိန်လှီပြီး ဟိုနားဒီနားမှာ အမွေးတွေ ကျွတ်နေတာများ ကမ္ဘာ့မြေပုံနဲ့တောင် တူနေရောပဲ။ ဒါတောင် ကျွန်တော်ဝယ်လာတဲ့ ကြက်အူချောင်းကို ခုန်ဖမ်းပြီး ဆွဲလုဖို့ကြိုးစားသေးတာ။

ကျွန်တော်ကလည်း ကြွပ်ကြွပ်အိတ်ကို လက်ကလွှတ်မပေးသလို သူကလည်း ကြွပ်ကြွပ်အိတ်ကို ပါးစပ်နဲ့ကိုက်ဆွဲထားပြီး လွှတ်မပေးဘူးဗျ။

ကျွန်တော် စုံထောက်မလုပ်ခင်က စစ်ထဲဝင်လိုက်သေးတယ်၊ ကျွန်တော်က အားချင်းယှဥ်ရင်တော့ ဘယ်သူ့ကိုမှရှုံးမှာမဟုတ်ဘူး။ အဲဒါက ကျွန်တော့်ရဲ့ ညစာဖြစ်နေလို့ လွှတ်မပေးမှာ သောက်ရမ်းသေချာသလို၊ သူကလည်း ရက်ပေါင်းများစွာကြာမှရတဲ့ တစ်ခုတည်းသောအစာဖြစ်နေလို့ လွှတ်မပေးမှာ သောက်ရမ်းသေချာတဲ့ပုံ။

အမှန်အတိုင်းပြောရရင် ကျွန်တော် သူ့စရိုက််ကို တော်တော်လေးသဘောကျသွားတာ။

အဲဒါနဲ့ ကျွန်တော်လည်း နောက်ထပ် ကြက်အူချောင်းနှစ်ခုထပ်ဝယ်လိုက်ပြီး သူ့ကို ကားထဲကို အောင်အောင်မြင်မြင်ခေါ်ချလာနိုင်ခဲ့တာပေါ့။

ကျွန်တော်ခွေးလေးကိုခေါ်လာတော့ ကျွန်တော့်ချစ်သူက အိမ်ပြန်မရောက်သေးဘူးဗျ။ အဲဒါကြောင့် ကျွန်တော်လည်း တိရစ္ဆာန်ဆေးကုခန်းဆီ တစ်ပတ်ပတ်လိုက်တယ်။ တိရစ္ဆာန်ဆရာဝန်​​​ကပြောတာ ခွေးလေးက ခွဲစိတ်ကုသမှုခံယူရမယ်၊ နောက်ပြီး သူ့မှာ အရေပြားရောဂါလည်း ရှိနေသေးတယ်၊ ဒါပေမဲ့ သူက တအားပိန်နေတော့ ချက်ချင်းခွဲစိတ်လို့မရဘူးတဲ့။ ကျွန်တော့်ကို ဆေးပေးလိုက်ပြီး နောက်နှစ်ရက်နေမှ ပြန်လာပြဖို့ပြောလိုက်တယ်။

ကံကောင်းချင်တော့ ဆရာဝန်​ပြောတာ ကျွန်တော်သူ့ကို ရေချိုးပေးလို့ရတယ်တဲ့၊ မဟုတ်ရင် ကျွန်တော်တော့ ကျွန်တော့်ချစ်သူဆီက အိမ်တွင်းအကြမ်းဖက်တာခံရမှာ သေချာသလောက်ပဲ။

ခွေးကိုရေချိုးပေးရတဲ့ အလုပ်က ပိုပြီးခက်ခဲလွန်းပါတယ်ဗျာ။

ကျွန်တော့်ချစ်သူ နေမကောင်းဘူးထင်တယ် | ဘာသာပြန် [COMPLETED]Where stories live. Discover now