Unicode
Jungkook တစ်ယောက်အိမ်ထဲကို ခြေချလိုက်မိတာနဲ့ တန်းရှာမိသည်က အစ်ကို့ကို။ ခါတိုင်းဆိုသူအလုပ်ကပြန်လာတာနဲ့ အပြေးလေးလာကြိုတတ်သည့် အစ်ကိုကအခုသူအိမ်ထဲရောက်တဲ့အထိ အရိပ်တောင်မတွေ့ရသေး။ ကြည့်ရတာသူအိမ်ပြန်နောက်ကျလို့ စိတ်ဆိုးနေတာဖြစ်ရမည်။ သူကအကြောင်းမဲ့နောက်ကျတာမဟုတ်။
အလုပ်တွေများနေတာကြောင့်ရယ်၊ အစ်ကိုကြိုက်တတ်တဲ့ Strawberry Cake ဝင်ဝယ်နေတာကြောင့် ကြာသွားခြင်းသာ။ အဲ့ဒါတွေကိုမသိတဲ့သူ့ရဲ့ အစ်ကိုပေါက်စကတော့သူ့ကို စိတ်ဆိုးနေမှာသေချာသည်။
သူတို့နှစ်ယောက်ရဲ့အခန်းထဲကို ဝင်လိုက်တော့လဲ အစ်ကို့ကိုမတွေ့။ ဘယ်တွေရောက်နေတာလဲ ဆိုတာကိုစဥ်းစားရင်း ကုတင်မှာထိုင်နေမိတုန်း ရေချိုးခန်းထဲကနေ ထွက်လာတဲ့အစ်ကိုကြောင့် Jungkook နည်းနည်းစိတ်အေးသွားမိသည်။
"Jungkook ပြန်ရောက်နေပြီလား။ ရေချိုးတာနောက်ကျပြီး အခုမှချိုးဖြစ်လို့ လာမကြိုဖြစ်လိုက်ဘူး။"
ပုံမှန်လေသံနဲ့ပြောလာတဲ့ အစ်ကိုကြောင့်သူ့ကိုစိတ်ကောက်မနေဘူးဆိုတာကိုတော့ Jungkook ကောင်းကောင်းသိလိုက်ရသည်။ ဒါပေမယ့်အရမ်းလွမ်းနေခဲ့တဲ့ အစ်ကို့ရဲ့ခန္ဓာကိုယ်လေးကို ဖက်ထားလိုက်ကာ
"အစ်ကို့ကို အရမ်းသတိရနေတာ။"
"တစ်ယောက်ယောက်ကြားရင် အကြာကြီးခွဲနေရတဲ့သူတွေလို့ ထင်နေဦးမယ်။"
"ဒီနေ့တစ်နေ့လုံးခွဲနေရတာလေ။ မလွမ်းဘဲနေမလားအစ်ကိုရဲ့။"
ဖက်ထားတာကိုလွှတ်မပေးဘဲ ပြောနေတဲ့ Jungkook ရဲ့စကားတွေက အစစ်အမှန်တွေမဟုတ်ခဲ့ဘူးဆိုရင်တောင် Taehyung ကျေနပ်မိမှာအမှန်ပင်။ ဒါပေမယ့် Jungkook ကသူ့ကိုဘယ်လောက်ချစ်လဲဆိုတာကို သူကောင်းကောင်းသိသည်။
အခက်အခဲတွေ၊ဒဏ်ရာတွေကြားမှာ နစ်မွန်းနေခဲ့တဲ့ Jungkook ကိုကြိုးစားနှစ်သိမ့်ပေးကာ ချစ်ပေးခဲ့တဲ့သူက Jungkook ရဲ့အရာရာဆိုတာကို သူကောင်းကောင်းနားလည်သည်။ တချို့တွေကတော့ ပြောကြလိမ့်မယ်။ Jungkook ကသူ့ကိုမချစ်ဘဲ သူ့ပိုင်ဆိုင်မှုတွေကိုချစ်လို့ သူ့ကိုလက်ထပ်ထားတာလို့။ ဒါပေမယ့်သူ့အပေါ် ထားတဲ့ Jungkook ရဲ့အချစ်တွေက စစ်မှန်တယ်ဆိုတာကို သူသိတာကြောင့် ထိုစကားတွေကို မနာလိုလို့ပြောတာလို့ပဲ သတ်မှတ်ထားမိသည်။
YOU ARE READING
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]