Part 2

1.8K 215 6
                                    

Zawgyi :

"အထိန်းတော်လီ"

" ဟုတ်ကဲ့ မိဖုရားကြီး"

"မင်းသမီးလေးကို လာရောက်ဆက်သထားတဲ့ ပိုးထည်ချည်ထည် ရွှေစငွေစတွေကို နန်တွင်းသူတွေဆီခွဲဝေပေးလိုက်ပါ"

"စွန့်ကြဲမှုအတွက် ကျေးဇူးတော်ကြီးမြတ်လှပါတယ် "
___

"အထိန်းတော်ကြီး"

" ဟုတ်ကဲ့ "

"နန်းဆောင်အနားကို ဘယ်သူမှမကပ်စေနဲ့ "

"အမိန့်တော်အတိုင်းပါ မင်းကြီး"

"ခမည်းတော် ဘာများဖြစ်လို့ပါလဲ"

"မိဖုရား အိမ်ရှေ့စံ ကိုယ်တော်အခုပြောမဲ့ကိစ္စကသိပ်အရေးကြီးတယ် သမီးတော်လေးရဲ့ အသက်နဲ့ တော်ဝင်မိသားစုရဲ့ ဘ၀နဲ့ဆိုင်တယ်"

"ဘယ်လိုကြောင့်များပါလဲ မင်းကြီး"

"ကိုယ်တော်တို့ရဲ့ ဒီတိုင်းပြည်က အရမ်းအင်အားမကြီးပေမဲ့ သာယာဝပြောလှတာကြောင့် တစ်ခြားသောအင်အားကြီးနိုင်ငံတွေက ဒီမြေဒီရေကိုကျားချောင်းချောင်းနေကြတာ မိဖုရားလဲအသိပါ"

" ဟုတ်ကဲ့ ကျွန်တော်မျိုးမ ကောင်းစွာသိပါတယ်"

"အဲ့လိုပဲ ဒီတိုင်းပြည်ထဲမှာလဲ ဒီထီးနန်းကို တပ်မက်တဲ့ စိတ်နဲ့ ကိုယ်တော်တို့ကို ဒုက္ခပေးနိုင်လောက်တဲ့လူမျိုးတွေ ရှိတယ် အလွယ်တကူ ဖမ်းဆီးလို့မရတဲ့အခြေအနေမျိုး သိပ်ပြီး အင်အားမကြီးသေးတဲ့ အခြေအနေမျိုးကြောင့် ကိုယ်တော်တို့ဒီနေ့ဒီအချိန်ထိ စိတ်အေးလက်အေးနေနိုင်ခဲ့တယ် အခု သမီးတော်လေးမွေးဖွားလာပြီဆိုတော့ သမီးတော်လေးကိုတော်ဝင်မိသားစုရဲ့ ပျော့ကွက်လိုအသုံးချလာမှာစိုးရိမ်မိတယ်"

"မှန်ပါတယ် ခမည်းတော် သားတော်လဲ ဒီအရေးကိုစိုးရိမ်မိပါတယ်"

"ဒါကြောင့် သမီးတော်လေးကို ကိုယ်တော်ရဲ့ အရီးတော်ရှိတဲ့ ဟန်တိုင်းပြည်မှာ အရွယ်ရောက်သည်အထိ လုံလုံခြုံခြုံစောင့်ရှောက်ထားစေချင်တယ် "

" ဘယ်လိုမိန့်ကြားတော်မူတာပါလဲ မင်းကြီး ကျွန်တော်မျိုးမရဲ့ ရင်သွေးကို ကျွန်တော်မျိုးမနဲ့ ဝေးကွာစေမလို့လား ကျွန်တော်မျိုးမ လက်မခံနိုင်ပါဘူး"

The softness of snow Where stories live. Discover now