Part 14

1.7K 201 20
                                    

Zawgyi :

ဖိတ်ဖိတ်တောက်နေသည့် ရွှေရောင်သံချပ်ဝတ်စုံကိုဝတ်ဆင်ထားသော မြတ်နိုးရသည့်မင်းသမီးငယ်ဟာ နန်းရင်ပြင်၏ထိပ်ဆုံးရှိ စင်ပေါ်တွင် ကျက်သရေရှိစွာနှင့် ရပ်နေသည်။

ယနေ့မှာတော့ မင်းသမီးလေးရဲ့ မျက်နှာဟာ ရဲရင့်သည့်စစ်သည်တော်တစ်ယောက်ကဲ့သို့ တည်ကြည်နေသည်။

ဤပုံစံကလေးနှင့်လဲ အလွန်လှပနေသည့် မင်းသမီးလေးကို အကြည့်မလွှဲနိုင်တာကြောင့် မင်းသမီးရဲ့ဘေးမှာရပ်ကာ မိန့်ခွန်းပြောနေသည့် အရှင်မင်းကြီးကိုတောင် မကြည့်မိပါပဲ မင်းသမီးကိုပဲငေးကြည့်နေမိရသည်။

"အောင်နိုင်ခြင်းနဲ့ပဲ စစ်ပြန်လာပါလို့ သေသေချာချာမှာချင်တယ် ငါကိုယ်တော်ရဲ့စစ်သည်တော်တို့ "

"အမိန့်ကိုကောင်းကောင်းစောင့်ထိန်းပါ့မယ်မင်းကြီး"

"မောင်မင်းတို့ဟာ မောင်မင်းတို့ရဲ့လက်ထဲမှာရှိတဲ့ဓားနဲ့ မောင်မင်းတို့ရဲ့ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အနာဂါတ်ကို လှပအောင်ထုဆစ်ပုံဖော်ရမယ် သေချာပေါက် ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုကာကွယ်ရတယ် အားလုံးကြားကြလား"

"ဟုတ်ကဲ့ပါ အိမ်ရှေ့စံမင်းသမီး "

တည်တည်ကြည်ကြည်နှင့် မိန့်ခွန်းပြောသွားသည့် မင်းသမီးလေးမှာ တကယ်ပင် ခေါင်းဆောင်ကောင်းတစ်ယောက်၏ စစ်မှန်သောပုံရိပ်ထင်ဟပ်နေပါသည်။

စစ်တန်း၏ ရှေ့ဆုံးမှာစစ်သူကြီးလေးယောက်ကို ဦးဆောင်စေပြီး လီဆာနှင့် ဖခင်စစ်သေနာပတိချုပ်တို့က မင်းသမီးကို အလယ်မှာထားကာ ကိုယ်စီမြင်းများနှင့် တိုက်ပွဲနေရာကိုထွက်ခဲ့ကြသည်။

ပတ်ဝန်းကျင်ကိုမကြည့်ပါပဲ ရှေ့ကိုတည့်တည့်ကြည့်ကာ အံကြိတ်ထားသည့် မင်းသမီးလေးဟာ အလွန် စိတ်လှုပ်ရှားနေသည်ဆိုတာ လီဆာသာရိပ်စားမိသည်။

မြင်းကိုမင်းသမီးရဲ့မြင်းအနားကပ်စေတော့ သတိထားမိလိုက်သည့် မင်းသမီးလေးက လီဆာကိုလှည့်ကြည့်လာတာကြောင့် စိတ်အေးအေးထားစေဖို့ရန် အပြုံးတစ်ခုနှင့်ဖော်ပြရသည်။

The softness of snow Where stories live. Discover now