Zawgyi :
"လီလီ လီလီ အခန်းထဲမှာလား"
"ဟုတ်ကဲ့ မမ ၀င်ခဲ့လေ"
"ဘာလုပ်နေတာလဲအဲ့ဒါ"
"ဓားရေးလေ့ကျင့်မလို့ပြင်နေတာ လီလီ့ကိုခါးလေးစည်းပေးပါလား ဒီနေ့နောက်ကျမှနိုးလို့"
"လာ လာ "
"အင့်! ဖြည်းဖြည်းချည်ပါမမရဲ့ ကြပ်ထုပ်သွားတာပဲ"
"ဥုံဖွ ဥုံဖွ ဆွဲတာနဲနဲအားပြင်းသွားတယ် ရပြီ"
"ကျေးဇူးမမ ဒါနဲ့ ဘာပြောမလို့လဲ"
"လီလီ စုံစမ်းခိုင်းထားတဲ့အရွက်အကြောင်းသိရပြီ "
"ဟုတ်လား ဘာတဲ့လဲ"
"ဒီအရွက်က ခန္တာကိုယ်ထဲက အစိတ်အပိုင်းတွေကို တဖြည်းဖြည်းတစ်ပြိုင်ထဲပျက်စီးစေတဲ့အဆိပ်မျိုး ဒါပေမဲ့တစ်လနှစ်လနဲ့ အာနိသင်မပြပဲ နှစ်ရှည်လများသုံးမှ တဖြည်းဖြည်းပျက်စီးစေတဲ့အရွက် လက်ဖက်ခြောက်အပင်ထက်အရွယ်သေးပေမဲ့ လက်ဖက်ခြောက်အရွက်နဲ့ နဲနဲဆင်တူတော့ လက်ဖက်ခြောက်ဆိုလဲ ယုံနိုင်စရာပဲ "
"ဒီမှာအလွယ်တကူရနိုင်တာလား"
"ဟင့်အင်းလီလီ ဒါတွေကို ကုန်သွယ်မှုမှာတရားဝင်ခွင့် မပြုထားဘူး ဒါပေမဲ့ အနောက်နိုင်ငံတွေမှာတော့ ဈေးကြီးပေးဝယ်လို့ရတဲ့ အရာမျိုးပဲ"
ဒါဆိုလျှင် အိမ်ရှေ့စံမင်းသားလွန်ခဲ့တဲ့နှစ်တွေက ခံစားခဲ့ရတဲ့ဝေဒနာများက ဒီပစ္စည်းရဲ့လက္ခဏာများဖြစ်ခဲ့သည်ပေါ့ ဘယ်လိုလူမျိုးကရာရာစစ ဒီလိုအပြစ်ကို နှစ်ရှည်လများ စိတ်သန့်သန့်နဲ့ ကျုးလွန်နေတာဖြစ်နိုင်ပါမည်လဲ။
"လီလီ လီလီ"
"ဟမ် အော် မမ ဘာလို့လဲ"
"ဒီအရွက်ကိုဘယ်ကရတာလဲ "
"အိမ်ရှေ့စံမင်းသားဆီက ကြည့်ရတာ သောက်လာတာကြာပြီထင်တယ် ဖြေဆေးတွေဘာတွေမရှိဘူးလားဟင် မမ"
"ဘယ် ဘယ်လို အိမ်ရှေ့စံမင်းသားက ဟာဒုက္ခပါပဲ အရင်ထဲက သိခဲ့ရင်တော့တားလို့ရခဲ့မှာ "
"ဖြေဆေး ဖြေဆေးကမရှိဘူးလားလို့"
"မရှိဘူးလီလီ"
YOU ARE READING
The softness of snow
RomanceUni "ထပ်ကာ ထပ်ကာ "ဆိုတဲ့ စကားလုံးလေးရဲ့ နောက်မှာ "မြတ်နိုးမိခြင်း" ဆိုတဲ့ စကားလုံးလေးထဲ့လိုက်ရင် ဘာကိုရည်ညွှန်းလဲ သိလား ကိုယ်မင်းကိုချစ်တဲ့အချစ်တွေကိုတိတိကျကျရည်ညွှန်းတယ် ယောင်း👸 မြင့်မြတ်ခြင်းတွေနဲ့မွေးဖွားလာတဲ့ သူတို့နှစ်ဦး တာဝန်တွေကိုကျေပွန်အော...