Part 1

5.8K 262 16
                                        

Zawgyi :

လပြည့်ညတစ်ည အေးချမ်းတည်ငြိမ်တဲ့ ဟယ်လင် တိုင်းပြည်ကြီးရဲ့ နန်းတော်အတွင်း နန်းတွင်းသူများနဲ့အထိန်းတော်များ သမားတော်များစိုးရိမ်တကြီးနဲ့
တစ်ခုခုကြောင့်အသဲအသန်အလုပ်ရှုပ်နေကြရသော်လဲ စိတ်ထဲတွင် ပျော်ရွှင်ခြင်းများသာကိန်းအောင်းလျှက်သာ ဟယ်လင်တိုင်းပြည်တွင်သာမကပဲ ပတ်ဝန်းကျင်တိုင်းပြည်များအထိ တစ်လောကလုံးမှာရှိသမျှပန်းပင်တွေမှာလဲ အဖူးတစ်ခုမမကျန်အောင် ပွင့်လာတာကြောင့် ပန်းပေါင်းစုံရနံ့များထုံသင်းလျက်
ကောင်းကင်က ခုနှစ်စင်ကြယ်တို့ ညီညီညာညာ ၀င်းလက်သွားတဲ့အချိန်မှ .....။

"အူဝဲ အူဝဲ"

"ဖွားမြင်ပါပြီ မိဖုရားကြီး မင်းသမီးလေးဖွားမြင်လိုက်ပါပြီ အရမ်းကိုလှပပြီးကျက်သရေရှိလွန်းတဲ့မင်းသမီးလေးကိုဖွားမြင်လိုက်ပါတယ် "

အလွန်မောပန်းနေသော မိဖုရားခေါင်ကြီးရဲ့ဘေးနားကို ရွှေခွက်နဲ့ ဆေးကြောသုတ်သင်ပေးပြီး ရွှေပိုးထည်စအနှီးလေး နဲ့ထုပ်ထားသော မင်းသမီးလေးကိုကြည့်ရင်း မိဖုရားခေါင်ကြီးနဲ့အတူ အနားမှာရှိတဲ့သူတိုင်းလဲ အပြုံးပန်းဆင်နိုင်ခဲ့သည်။

"အရှင်မင်းကြီး အရှင်မင်းကြီး"

"အထိန်းတော်ကြီး ကိုယ်တော့်ရဲ့ မိဖုရား ကလေးဖွားမြင်ပြီလား"

"အထိန်းတော်ကြီး အမြန်ပြောစမ်းပါ မယ်တော် ဖွားမြင်ပြီလား နှမတော်လေးလား ညီတော်လေးလား"

"စိတ်အေးအေးထားပါ အိမ်ရှေ့စံ အထိန်းတော်ကြီးအတော်မောလာတယ်ထင်တယ်"

အလွမ်ပျော်ရွှင်ကာ အမောတကောပြေးလာသောအထိန်းတော်ကြီးမှာ မင်းကြီး အိမ်ရှေ့စံနဲ့ အသက် ၁၀ နှစ်အရွယ် မင်းသားငယ်တို့ ရှေ့မှာဒူးထောက်လျက် အမောဖြေနေရပြီး နဲနဲအဆင်ပြေပြီဆိုကာမှ ..။

"မိ မိဖုရားခေါင်ကြီး သမီးတော်လေးဖွားမြင်ပါတယ် မင်းကြီး"

"ဘယ်လို နှမတော်လေး ဟုတ်လား "

"မှန်လှပါအိမ်ရှေ့စံမင်းသား အခုမိဖုရားကြီးနန်းဆောင်ထဲမှာမို့ လာရောက်ကြည့်ရှုနိုင်ပါပြီလို့ဆိုပါတယ် "

The softness of snow Hikayelerin yaşadığı yer. Şimdi keşfedin