Part 15

2.5K 226 57
                                    

Zawgyi :

စစ်အောင်နိုင်ခြင်းနဲ့ပြန်လာတဲ့ အိမ်ရှေ့စံမင်းသမီးနဲ့ စစ်သည်တွေကို မင်းကြီးနဲ့ မိဖုရားကြီးက ကြိုဆိုပွဲနဲ့ကြိုဆိုတဲ့တိုင်အောင် မြတ်နိုးရတဲ့ မင်းသမီးရဲ့မျက်နှာဟာ တင်းမာနေဆဲမို့ စိတ်ထဲတထင့်ထင့်။

"သမီးတော် မျက်နှာလဲမကောင်းပါလား "

"သမီးတော်နေလို့သိပ်မကောင်းတာကြောင့်ပါ"

" သမီးတော်အဆောင်ပြန်နားစေတော့ "

"ဟုတ်ကဲ့ပါ ခမည်းတော်"

မင်းသမီးလေးက ထွက်ခွာသွားသည့်တိုင် တစ်ချက်မှလှည့်မကြည့်ခဲ့သည်မို့ စိတ်ဆိုးနေပါပြီဆိုတာကို လုံးဝသေချာသွားခဲ့သလို နေမကောင်းဘူးဆိုတာကြောင့် စိုးရိမ်စိတ်နဲ့ ပြေးလိုက်ချင်သော်လဲ မဖြစ်တာမို့ စိတ်သာပါသွားပြီး လူဟာ မင်းကြီးရှေ့မှာသာနေခဲ့ရသည်။

ပြီးနောက် ရေသန့်စင်ကာအ၀တ်လဲပြီး မင်းသမီးအဆောင်ကိုသွားတော့ မင်းသမီးလေးအနားယူနေကြောင်းကို အထိန်းတော်မူပြောပြလို့သိခဲ့ရသည်။
အဆောင်ထဲကိုဝင်တော့ လှဲအိပ်နေတဲ့ မင်းသမီးလေးရဲ့ ကျောပြင်လေးကမြတ်နိုးဖွယ်ရာ ဒါပေမဲ့လဲ အပေါ်ထပ်ကိုချွတ်ထားပြီးဆံနွယ်လေးများကိုဖြေချထားတာကြောင့် အရမ်းနေမကောင်းဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ အနားကိုကပ်သွားမိသည်။

စစ်ပွဲကအပြန်မှာတည်းက နေမကောင်းသလိုခံစားနေခဲ့ရတာ နန်းတွင်းကိုပြန်ရောက်မှ ဘာမှမလုပ်ချင်မကိုင်ချင်တော့လောက်အောင် ပင်ပန်းလာသည်မို့ ခမည်းတော်ခွင့်ပြုချက်နှင့် အဆောင်ကိုသာပြန်ပြီး အနားယူခဲ့ရာက အိပ်မပျော်တာကြောင့် မျက်လုံးမှိတ်ကာအနားယူနေတဲ့အချိန် နှာခေါင်းထဲသို့ တိုးဝင်လာတဲ့ ရနံ့သင်းသင်းလေးဟာ လီလီ့ဆီက အမြဲရနေကျရနံ့လေးဖြစ်၏။

သိပ်မကြာလိုက်စွာ ကျောပေးထားတဲ့ဘက်မှ တစ်စုံတစ်ခု လှုပ်ရှားနေတာကိုသတိပြုမိလိုက်၍ လှည့်ကြည့်တော့ မျှော်လင့်တဲ့အတိုင်း အနားမှာထိုင်ကာ နွေးထွေးစွာပြုံးပြနေတဲ့ လီလီနဲ့ မျက်နှာချင်းဆိုင်ဆုံတွေ့သည်။
စူးရှရှမျက်ဝန်းတွေအောက်မှာ အကြည့်တွေလွှဲမပြစ်ချင် သော်လဲ စိတ်ဆိုးနေသည်မဟုတ်လား ထို့ကြောင့် ဤမျက်ဝန်းတွေကို ခဏတော့ လျစ်လျူရှုဦးမှာမို့ တစ်ဖက်ကို မျက်နှာပြန်လွှဲပစ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 04, 2022 ⏰

Add this story to your Library to get notified about new parts!

The softness of snow Where stories live. Discover now