Part 7

1.7K 190 14
                                    

Zawgyi :

"ဆင်ခြင်တော်မူပါဦးမင်းကြီး"

ညီလာခံမှာ အိမ်ရှေ့စံမင်းသား နတ်ရွာစံသွားသည့် ကိစ္စကို အခွင့်ကောင်းယူပြီး တော်ဝင်မိသားစုရဲ့ တာဝန်ကိုလွှဲ ယူချင်နေသည့် အမတ်ချုပ်ရဲ့ စောဒက တတ်သံကြောင့် မင်းကြီးမှာသက်ပြင်းချယုံမှတစ်ပါး မစွမ်းနိုင်ပါ။

"အိမ်ရှေ့စံမင်းသားရဲ့ အရိုက်အရာကိုဆက်ခံမဲ့ မင်းသားဆိုလို့ တစ်ဦးတစ်ယောက်မျှမရှိတော့တဲ့အချိန် မှာ ကျွန်တော်မျိုးတို့ရဲ့ တိုင်းပြည်ကိုတိုင်းတစ်ပါးသား တွေက စိတ်လိုလက်ရကျူးကျော်လာနိုင်ပါတယ် မင်းကြီး ဆင်ခြင်တော်မူပါ"

"မှန်ပါတယ် မင်းကြီး အိမ်ရှေ့စံမင်းသားရဲ့တာဝန်တွေ ကိုအကောင်းဆုံးတာဝန်လွှဲယူနိုင်တာ အမတ်ချုပ်ကြီး တစ်ဦးသာရှိပါတယ် မင်းကြီး အမတ်ချုပ်ကြီးမှ ဒီတာဝန်ကိုလွှဲမယူရင် ဘယ်သူကလွှဲယူမှာပါလဲ ဘယ်သူကအိမ်ရှေ့မင်းသားရဲ့ အရိုက်အရာကိုဆက်ခံမှာပါလဲ ဘယ်သူက "

"ကျွန်မ ဆက်ခံမယ် !!!! "

ညီလာခံရဲ့ထိပ်ဆုံးမှာထိုင်ကာ စိတ်ထွေပြားနေသည့် မင်းကြီးနဲ့ အမတ်ချုပ်အပါအ၀င် ကျန်သည့် အမတ်အားလုံးဟာ အသံလာရာကို အံ့သြခြင်းများနဲ့ကြည့်မိကြသည်။

ရိုးရိုးသခင်မလေးတွေကဲ့သို့ အဖောင်းဂါဝန်ရိုးရာအင်္ကျီ
မဟုတ်ပဲ တော်ဝင်မင်းသမီးတွေဝတ်သည့် အတိုင်း ခါးစည်းပါသည့် ၀တ်ရုံ အရှည်ပုံစံလေးကို ဖြူအုနေသည့် အသားအရည်နဲ့ လိုက်ဖက်အောင် အနီရောင်ပိုးထည်ကိုရွှေနဲ့ ယက်လုပ်ထားသည့် အဆင်နဲ့ချုပ်လုပ်ဝတ်ဆင်ထားပြီး ဆံနွယ်တို့ကို အပေါ်တစ်ဝက်ကိုစည်းထားပေမဲ့ ကျန်တစ်ဝက်ကို ပုခုံးသားတွေပေါ်ဖြန့်ကျက်စေကာ အတိုင်းထက်အလွန်လှနေသည့် မင်းသမီးပတ်ချယ်ယောင်းနှင့်...

တည်ကြည်သောမျက်နှာထား မာန်ပါသည့်နှုတ်ခမ်း ၀င်းလက်သည့် မျက်ဝန်းတို့နဲ့ ပနံသင့်လှသည့် အနီရောင်ခေါင်းစည်း ခါးစည်းနှင့် အဖြူရောင်ပိုးထည်ကိုရွှေချည်မျှင် အနားသတ် ၀တ်ရုံကို ၀တ်ဆင်ထားသည့် ကိုယ်ရံတော် တပ်ချုပ်မှူး လီဆာနဲ့ အတူ မင်းကြီးကိုသာကြည့်ရင်း တစ်လှမ်းခြင်း ၀င်လာသည်။

The softness of snow Where stories live. Discover now